
ရန်ကုန် ဇူလိုင် ၂၈
ရန်ကုန်အရှေ့ပိုင်းခရိုင် မင်္ဂလာ တောင်ညွန့်မြို့နယ်တွင် နေထိုင် သော ပြည်သူများအနေဖြင့် အောက်ဆီဂျင်ပြတ်လပ်မှု အခက် အခဲများ မကြုံတွေ့စေရေးနှင့် အမှန်တကယ် လိုအပ်နေသူများ လက်ဝယ်ရရှိစေရေးတို့အတွက် ဇူလိုင် ၂၅ ရက်က မြို့နယ်အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် စတင်ဖြန့်ဝေပေးလျက်ရှိသည်။
အဆိုပါ အောက်ဆီဂျင်များ ဖြန့်ဖြူးမှုနှင့်ပတ်သက်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးအောင်က “ အဓိက ကတော့ အပြင်မှာ အောက်ဆီဂျင် တွေကို တန်းစီတိုးနေကြတော့ ရောဂါပိုးတွေ ပိုကူးစက်မှုတွေ ရှိနိုင်တဲ့အပြင် တကယ်လိုအပ်နေ သူတွေမရရှိဘဲ မသမာသူတွေ၊ အမြတ်တင်ရောင်းတဲ့သူတွေဆီ ရောက်သွားတာမျိုးတွေ မရှိအောင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီရဲ့ ညွှန်ကြားချက်တွေနဲ့ ပြည်သူတွေအတွက် ဆောင်ရွက် ပေးနေတာပါ”ဟု ပြောကြားသည်။
ပြည်သူများထံသို့ အောက် ဆီဂျင်ဖြန့်ဖြူးပေးနိုင်ရေးအတွက် မင်းဓမ္မလမ်း MEC စက်ရုံမှ အောက်ဆီဂျင် လီတာ ၄၀ အိုး ၁၀ အိုး ထုတ်ယူခဲ့ပြီးနောက် မင်္ဂလာတောင်ညွန့် မြို့နယ် အတွင်းရှိ အောက်ဆီဂျင် အမှန် တကယ် လိုအပ်နေသူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြင့် လိုအပ်သူ တစ်ဦးလျှင် ၁၀ လီတာအိုး တစ်အိုးစီဖြင့် ရရှိအောင် ဖြန့်ဖြူးဆောင်ရွက်ပေးခြင်းဖြစ်သည်။
“အခုလိုပေးတာက တကယ် လိုအပ်နေသူဆီကို တိုက်ရိုက် ရောက်တော့စိတ်ချမ်းသာတယ်။ ငွေကြေးတစ်စုံတစ်ရာ ပေးရ တာလည်းမရှိဘူး။ အရင်ကဆို အောက်ဆီဂျင်လိုရင် ဘယ်ပြေး ရမလဲ မသိဘူး။ အခုကတော့ တော်တော် အဆင်ပြေပါတယ်။ ကျေးဇူးလည်းတင်ပါတယ်” ဟု ပြည်သူတစ်ဦးက ပြောသည်။
အောက်ဆီဂျင်ဖြန့်ဖြူးပေး ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ် အောက်ဆီဂျင် ဖြန့်ဖြူးရေး ကော်မတီမှ တာဝန်ရှိသူများနှင့် မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့ များ ပူးပေါင်းကာ ဆောင်ရွက်ပေး လျက်ရှိပြီး ဆက်လက်ဖြန့်ဖြူး ပေးမည်ဖြစ်ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)