မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီအသင်းခွဲ ကြက်ခြေနီတပ်ဖွဲ့သို့ အောက်ဆီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများလှူဒါန်း

မင်္ဂလာဒုံ  သြဂုတ်   ၁၁ 


ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်ရှိ  မြို့နယ် ကြက်ခြေနီအသင်းခွဲ     ကြက်ခြေနီတပ်ဖွဲ့သို့ ထောက်ကြန့် ခုနစ်ရက်သားသမီးများ  စုပေါင်းပြီး လှူဒါန်းသော    အောက်ဆီဂျင်အိုး  ၁၀ လုံးနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပွဲကို သြဂုတ် ၁၁ ရက် နံနက် ၁၁ နာရီတွင်    အဆိုပါမြို့နယ်     ကြက်ခြေနီ အသင်းခွဲ ရုံးရှေ့၌ ပြုလုပ်သည်။    


ရှေးဦးစွာ      ထောက်ကြန့်စံပြရပ်ကွက် သြဘာသလမ်း  ခုနစ်ရက်သားသမီးများစုပေါင်း၍ လှူဒါန်းကြသော   အလှူရှင်များကိုယ်စား    အဖွဲ့ ခေါင်းဆောင် ဒေါ်စိမ်းမို့မို့(ခ)ဒေါ်ပန်းနုစိမ်းက လီတာ  ၄၀  ဆံ့ အောက်ဆီဂျင်အိုးလေးလုံး၊    ၁၅ လီတာဆံ့ အောက်ဆီဂျင်အိုး ခြောက်လုံး  စုစုပေါင်း  ၁၀ လုံးနှင့် ဆက်စပ်ပစ္စည်းများ    ပေးအပ်လှူဒါန်းရာ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအေးသွင်က    လက်ခံ ရယူခဲ့ကြောင်း သိရသည်။                
                                         

 

    ဉာဏ်ဟိန်း