မင်းဘူးမြို့နယ်၌ ငရုတ်သီးခြောက် ဝယ်လိုအားမြင့်တက် တစ်နေ့လျှင် ငရုတ်သီးခြောက်ပိဿာချိန် ၈၀၀၀ မှ ၁၀၀၀၀ ဝန်းကျင်အထိ တင်ပို့

မင်းဘူး မတ် ၁၃ မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်တွင် ငရုတ်သီး ခြောက်များကို သုံးစွဲသူများပြီး ဝယ်လိုအား မြင့်တက်မှုကြောင့် ငရုတ်သီးခြောက်ဈေး အဆမတန် မြင့်တက်လျက်ရှိကြောင်း ပွဲရုံ လုပ်ငန်းရှင်နှင့် ကုန်သည်အချို့ ထံမှ သိရသည်။ မင်းဘူးမြို့နယ်တွင် ငရုတ်သီး စိမ်းဈေးသာ အတက်အကျရှိသော် လည်း ငရုတ်သီးခြောက်များမှာ ပွဲရုံဈေး ငွေကျပ် ၇၃၀၀ မှ ၇၆၀၀ အတွင်း ရှိသည်။ ကျောက်စိမ်း၊ ဗီယက်နမ်၊ ၆၉၂ စသည်ဖြင့် ငရုတ်သီးခြောက် အမျိုးမျိုးရှိပြီး ယခုနှစ်တွင် တစ်ပိဿာလျှင် ကျပ် ၇၀၀၀ နှုန်း ဖြင့် ဝင်ရောက်လာ သောကြောင့် ငရုတ်သီးခြောက် ဈေး အဆမတန်မြင့်တက်လာ ကြောင်း ငရုတ်သီးကုန်သည် ဦးသာပေါက ပြောသည်။ မင်းဘူးမြို့ ပွဲရုံများသို့ ငရုတ် သီးခြောက် လာရောက်ရောင်းချ လျက်ရှိသော မြို့နယ်များမှာ ဆင်ဖြူကျွန်း၊ ရေနံချောင်း၊ ပွင့်ဖြူ၊ ကလော၊ အောင်ပန်း၊ ပျဉ်းမနား၊ သာစည်၊ ရမည်းသင်းမြို့နယ်များ ဖြစ်သည်။ မင်းဘူး(စကု)မြို့နယ် အတွင်းမှ ဝက်လွတ်၊ ရှားတော၊ သနပ်ပင်စု၊ ပဒေသာကျွန်း၊ နိဗ္ဗာန် ကျွန်း၊ ရွာသစ်ကုန်း၊ မန်းကျိုး ကျေးရွာများမှလည်း အများဆုံး လာရောက်ရောင်းချလျက် ရှိကြ သည်။ မင်းဘူးမြို့ ဈေးထဲတွင် ငရုတ် သီးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀ ဈေးလက်လီဝယ်ယူ စားသုံးကြရပြီး မင်းဘူးမြို့နယ် အပြင် ရခိုင်ပြည်နယ်ရှိ မြို့များသို့ တစ်နေ့လျှင် ငရုတ်သီးခြောက် ပိဿာချိန် ၈၀၀၀ မှ ၁၀၀၀၀ ဝန်းကျင်အထိ တင်ပို့ရကြောင်း၊ ရခိုင်ပြည်နယ်သို့ ကုန်ပစ္စည်း အများဆုံးဖြန့်ဖြူးရောင်းချနေရ ကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)