
မင်းဘူး အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်း ကျေးရွာများ၌ စိုက်ပျိုးသော ငရုတ်စိုက်ခင်းများ အထွက်နှုန်းကောင်းပြီး ဈေး ကောင်းလည်းရနေသဖြင့် ငရုတ် စိုက် တောင်သူများ အဆင်ပြေလျက် ရှိကြောင်း ငွေသောင်ကျေးရွာက ငရုတ်စိုက်တောင်သူများထံမှ သိရ သည်။
ငရုတ်ပင်များကို မျိုးစေ့ချ စိုက်ပျိုးလျှင် သုံးလ၊ ပျိုးထောင် စိုက်ပျိုးလျှင် နှစ်လအကြာတွင် ပန်းများစပွင့်ကာ ပန်းပွင့်ပြီး နှစ်ပတ် အကြာတွင် အသီးများ စတင် ခူးဆွတ်နိုင်သည်။ ငရုတ်သီးအထွက် နှုန်းမှာ မြေအနေအထားနှင့် အပင် ကောင်းမှုအပေါ် မူတည်ကာ တစ်ဧကလျှင် ပိဿာချိန် ၅၀၀ မှ ၁၀၀၀ အကြား ထွက်ရှိသည်။
မင်းဘူး(စကု)မြို့နယ်၌ ငရုတ် သီးစိုက်ပျိုးရာတွင် ပင်နံငရုတ်နှင့် ငရုတ်ပွအတောင့်ရှည်မျိုးများကို စိုက်ပျိုးကြပြီး လက်ကားဈေးအနေ ဖြင့် ပင်နံငရုတ် တစ်ပိဿာလျှင် ကျပ် ၃၅၀၀၀၊ ငရုတ်ပွအတောင့်ရှည် တစ်ပိဿာလျှင် ကျပ် ၁၈၀၀ ဈေး ရရှိကာ အထွက်နှုန်းကောင်းသလို ငရုတ်သီးဈေးလည်း ကောင်းသော ကြောင့် တောင်သူများ အဆင်ပြေ ကြကြောင်း ငွေသောင်ကျေးရွာမှ ငရုတ်စိုက်တောင်သူ ကိုကျော်ကြီး က ပြောသည်။
ဇေယျာထက်(မင်းဘူး)