မင်းဘူး(စကု)မြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၃၀ ကျော် ပျက်စီး

 

မင်းဘူး   မေ   ၂


မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်၌   မေ  ၁  ရက် ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုများကြောင့် အိမ်ခြေ ၁၃၀  ကျော်  ပျက်စီးဆုံးရှုံးခဲ့ ကြောင်း    မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ   သိရ သည်။

 


မိုးသက်လေပြင်း တိုက်ခတ် မှုများကြောင့်   မင်းဘူး(စကု)မြို့နယ်အတွင်းရှိ   ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း ၁၇ အုပ်စု မှ လူနေအိမ်လေးလုံး ပြိုလဲပြီး အိမ်ခြေ   ၁၃၂  လုံး အမိုးလန် ပျက်စီးခဲ့သည်။  ထို့ပြင် မင်းဘူး မြို့     အမှတ်  (၃)  ရပ်ကွက် ချမ်းသာကြီး ဘုရားဝင်းအတွင်း ရှိ ဉာဏ်တော် ၅၄ ပေ၊ လုံးပတ် ပေ ၆၀ ခန့်ရှိ အရံစေတီတစ်ဆူ မှာ    ငှက်ပျောဖူးပြတ်ကျပြီး ထီးတော်မြေခခဲ့ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင် မြင်က ပြောသည်။

 


အဆိုပါ    မိုးသက်လေပြင်း တိုက်ခတ်ခဲ့မှုကြောင့်     ပျက်စီးမှု များအနက်    စာသင်ကျောင်း တစ်ကျောင်းနှင့်      ဘာသာရေး အဆောက်အအုံ   ခုနစ်လုံး  ပါဝင် ကြောင်း သိရပြီး  လေဘေးသင့် အိမ်ထောင်စုများအား  ဆန်ရိက္ခာ ဖိုးနှင့်     အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေများ     အမြန်ဆုံး ပေးအပ်နိုင်ရေး ဆောင်ရွက်လျက် ရှိသည်။


မောင်မောင်(မင်းဘူး)