
မင်းဘူး အောက်တိုဘာ ၂၃
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ဆေးထိုးနှံပြီးသူ ၅၀၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။
မြို့နယ်အတွင်းမှ အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်ကာကွယ်ဆေး Phase-2 ပထမအကြိမ် ထိုးနှံ ပြီးသူများအား ဒုတိယအကြိမ်အဖြစ် Sinopharm အမျိုးအစားကာကွယ်ဆေးများကို မင်းဘူး ဦးဩဘာသ မြို့နယ်ခန်းမနှင့် စကု(အ.ထ.က) ကျောင်းတို့တွင် အောက်တိုဘာ ၁၇ ရက်မှ စတင်ထိုးပေးရာ အောက်တိုဘာ ၂၂ ရက်အထိ ၅၂၆၉ ဦး လာရောက် ထိုးနှံကြောင်း၊ ဒုတိယအကြိမ် ဆေးထိုးရန် ကျန်ရှိ သူများကိုလည်း သတ်မှတ်ထားသော ဆေးထိုးစုရပ် နှင့် ရက်စွဲများအတိုင်း ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိရာ အသက် ၁၈ နှစ်နှင့် အထက် ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးသူ ၅၀၉၆၉ ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်ထံမှ သိရ သည်။
မောင်မောင်(မင်းဘူး)