မြန်အောင်နှင့် ကြံခင်းပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်း

ပုသိမ်    ဩဂုတ်  ၂၈


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့်  တာဝန်ရှိသူများသည်   ယနေ့နေ့လယ်ပိုင်းက မြန်အောင်မြို့နယ်  မျှင်ဝါးတောင်ကျေးရွာအုပ်စုရှိ မမြဆည်ရေလှောင်တမံသို့   ရောက်ရှိပြီး  ဆည်ရေ ဝင်‌ရောက်မှုအခြေအနေ၊ စိုက်ပျိုးရေ၊ လျှပ်စစ်မီးပေး ဝေနိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ 
ထို့နောက်       တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကြံခင်းမြို့ အုတ်ပုံစုပေါင်းစစ်ဆေးရေးဂိတ် သို့ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး သည်။


ထောက်ပံ့ပေးအပ်


 ဆက်လက်၍  ဘက်ရဲတိုက်နယ်ဆေးရုံ၌ ကိုဗစ်- ၁၉ ရောဂါပိုးတွေ့လူနာ အခြေအနေများအား  မေးမြန်း ပြီး အိမ်သုံးအောက်ဆီဂျင်စက် တစ်လုံးနှင့် ကျန်းမာ ရေး  ဝန်ထမ်းများအတွက်   ငွေကျပ်ငါးသိန်းအား ထောက်ပံ့ပေးအပ်ရာ     ဘက်ရဲတိုက်နယ်ဆေးရုံ ဆရာဝန်ကြီး ဦးအောင်မျိုးမြတ်က လက်ခံရယူသည်။ 
ယင်းနောက်  ကြံခင်းမြို့    မြို့မရပ်ကွက် လမ်းမတော်လမ်းနှင့် မြို့ဦးရပ်ရှိ အောက်ဆီဂျင်စက်ရုံ တည်ဆောက်မှုနှင့် ဆောက်လုပ်ပြီးစီးမှုအခြေအနေ များအား ကြည့်ရှုပြီး မြို့နယ်အောက်ဆီဂျင်စက်ရုံတည်ဆောက်မှုကော်မတီနှင့် တွေ့ဆုံအားပေးစကား ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်အဖွဲ့သည်  ကြံခင်းမြို့နယ်  ပြည်သူ့ဆေးရုံ သင်တန်းခန်းမ၌ ဆရာဝန်ကြီးနှင့် ဝန်ထမ်းများအား တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်း တွင်  အသုံးပြုရန် အိမ်သုံးအောက်ဆီဂျင်စက် နှစ်လုံး၊ တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ ၁၀၀၊    ပိုးသတ် ဆေးရည် ငါးဂါလန်ဝင် နှစ်ပုံး အပါအဝင်   ကာကွယ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်ပစ္စည်းများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ငါးသိန်းကို ပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဝင်းနိုင်က လက်ခံရယူသည်။

 

လက်ခံရယူ


ထို့နောက် မြန်အောင်မြို့  ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးဆေးပစ္စည်း များနှင့် တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ Level 3 ၅၀၊   တိုင်းကျန်းမာရေးဦးစီးဌာနမှ    ပေးအပ်သော အိမ်သုံးအောက်ဆီဂျင်စက်သုံးလုံးနှင့် ဆေးပစ္စည်း များ၊ ကျန်းမာရေးဝန်ထမ်းများအတွက်    အလှူငွေကျပ် ငါးသိန်းကို ပေးအပ်ရာ  မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်ဝင်းက လက်ခံရယူကြောင်း သိရ သည်။

 


ကိုတွတ်(ပြန်/ဆက်)