မလေးရှားနိုင်ငံ၌  ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ  ၈၅၇၄ ဦးရှိပြီး ၁၀၂ ဦး ထပ်မံသေဆုံး  

 

 

ကွာလာလမ်ပူ   ဇူလိုင်   ၁၂ 


မလေးရှားနိုင်ငံ၌   ကိုဗစ် - ၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၈၅၇၄ ဦးရှိလာမှုနှင့်အတူ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉   ကူးစက်   ဖြစ်ပွား သူပေါင်း   ၈၄၄၈၇၀   ရှိလာခဲ့  ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က    သတင်းထုတ်ပြန်    ဖော်ပြ လိုက်သည်။ 
အသစ်ထပ်မံကူးစက်ဖြစ်ပွား သူများအနက်   ၄၀ မှာ   ပြည်ပ ကူးစက်မှုဖြစ်ပြီး   ၈၅၃၄   ဦးမှာ   ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ကျန်းမာရေး     ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်       နော်ဟီရှန် အဗ္ဗဒူလာ က သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ကြောင့် ၁၀၂   ဦး   ထပ်မံသေဆုံးမှု နှင့်အတူ  စုစုပေါင်း   ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၆၂၆၀ ရှိလာပြီ ဖြစ်သည်။ 
ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကျန်းမာလာသူ ၅၀၄၁   ဦး ရှိလာမှုနှင့်အတူ   စုစုပေါင်း  ရောဂါပိုး      ကင်းစင်သွားသူ ပေါင်းသည်     ၇၄၇၃၃၈    ဦး  သို့မဟုတ်   ၈၈ ဒသမ ၅ ရာခိုင်နှုန်း ရှိသည်။ 
ကျန်ရှိနေသည့်  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၉၁၂၇၂ ဦး အနက်  ၉၆၄ ဦး ကို အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသပေး လျက်ရှိပြီး ၄၅၂ ဦးမှာ အသက်ရှူ အထောက်အကူပြု     ကိရိယာ လိုအပ်ကြောင်း သိရသည်။     
ဆင်ဟွာ