
လတ်တလောဖြစ်ပွားနေသော မျက်မြှေးရောင်ရောဂါ (သို့မဟုတ်) မျက်စိနာရောဂါသည် ဗိုင်းရပ်ပိုး ကြောင့် ဖြစ်ပွားပြီး ရောဂါဖြစ်ပွားလျှင် (၅)ရက်မှ (၇)ရက်ခန့်အထိ ကြာမြင့်တတ်ပါသည်။
ရောဂါလက္ခဏာများမှာ-
• မျက်စိနီရဲခြင်း၊ • မျက်ဝတ်များထွက်ခြင်း၊
• မျက်စိယားယံခြင်း၊ • မျက်စိနာကျင်ရောင်ရမ်းခြင်း၊
• မျက်ရည်ယိုခြင်း၊ • အလင်းရောင်မကြည့်နိုင်ခြင်းတို့ဖြစ်နိုင်ပါသည်။
မျက်မြှေးရောင်ရောဂါ/မျက်စိနာရောဂါသည် အောက်ဖော်ပြပါအခြေနေများကြောင့် ကူးစက်ပြန့်ပွား နိုင်ပါသည်-
• ရောဂါဖြစ်သူ၏ အသုံးအဆောင်များကို ကိုင်တွယ်သုံးစွဲခြင်းနှင့် နီးကပ်စွာအတူနေထိုင်ခြင်း များကြောင့် ရောဂါအလွယ်တကူ ကူးစက်ပြန့်ပွားနိုင်သဖြင့် အထူးသတိပြုရှောင်ရှားရ ပါမည်။ (ဥပမာ- ကျောင်းသားတစ်ဦးမှ စာသင်ခန်းအတွင်းရှိ ကျောင်းသားများသို့၊ မိခင်မှ ကလေးသို့)
သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် မျက်မြှေးရောင်ရောဂါ/မျက်စိနာရောဂါ မပြန့်ပွားစေရန် အောက်ပါအချက်များကို လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်-
• ကူးစက်လွယ်သောရောဂါဖြစ်သဖြင့် ရောဂါဖြစ်သူ၏ အသုံးအဆောင်(အထူးသဖြင့် အမျိုးသမီး မျက်နှာအလှပြင်ပစ္စည်းများ၊ မျက်နှာသုတ်ပဝါ၊ လက်ကိုင်ပဝါ) များကို အခြားသူများက အတူသုံးစွဲခြင်း လုံးဝမပြုလုပ်ရပါ။ လက်ကိုင်ပဝါအစား တစ်ခါသုံးတစ်ရှူးစက္ကူကို အသုံးပြုသင့်ပြီး ရောဂါဖြစ်သူ၏ အဝတ်အစားများကိုလည်း သီးသန့်လျှော်ဖွပ်သန့်စင် ရပါမည်၊
• ရောဂါဖြစ်ပွားပါက မျက်စိနာသူ၏ မျက်လုံးတစ်ဝိုက်ကို သန့်ရှင်းရေးပြုလုပ်ပေးပြီး မျက်ရည်တု မျက်စဉ်းဆေးရည်(Artificial Tear Eye Drops)ကို တစ်နေ့ (၃-၄)ကြိမ် ခတ်နိုင်ပါသည်။ မျက်စိကို မသန့်ရှင်းမီနှင့် မျက်စဉ်းဆေးရည်ခတ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် သေချာစွာ ဆေးကြောရပါမည်။ ရောဂါမသက်သာပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများနှင့် မျက်စိကုဌာနသို့ ပြသပါ၊
• အခြားသူများသို့ ရောဂါမကူးစက်စေရန်အတွက် ရောဂါဖြစ်သူသည် မျက်စိကိုမကိုင်မိစေရန် အကာအကွယ်မျက်မှန် တပ်ထားသင့်ပါသည်။