မက္ကဆီကိုသမ္မတ တတိယအကြိမ် ကိုဗစ် - ၁၉ ကူးစက်ခံရပြီးနောက် ရောဂါပျောက်ကင်းသွားပြီဟုဆို

 

မက္ကဆီကို   ဧပြီ   ၂၉


မက္ကဆီကိုသမ္မတ  အန်ဒရက်စ် မန်နျူရယ် လိုပက်ဇ် အိုဘရာဒေါ သည် ကိုဗစ်-၁၉   ကုသမှုခံယူပြီးနောက်   ရောဂါစစ်ဆေးရာတွင်   ရောဂါ ပျောက်ကင်းသွားပြီဟု အဖြေထွက်ကြောင်း ဧပြီ ၂၈ ရက်တွင် ပြော သည်။ တစ်ပတ်ကြာ သီးသန့်ခွဲခြားနေထိုင်ပြီးနောက် ပုံမှန်ပြုလုပ်နေ ကျ သတင်းစာရှင်းလင်းပွဲသို့ ပြန်လည်တက်ရောက်ခဲ့ပြီး ဆရာဝန်များ က  ၎င်းကိုရေများများသောက်ရန်နှင့်  အနားယူရန်  ညွှန်ကြားထား ကြောင်း ပြောသည်။ ဧပြီ ၂၃ ရက်တွင် မက္ကဆီကိုသမ္မတ က ၎င်းတွင် ကိုဗစ် - ၁၉  တတိယအကြိမ်ကူးစက်ခံထားရကြောင်း  ကြေညာခဲ့ သည်။ အသက် ၆၉ နှစ်အရွယ် မက္ကဆီကိုသမ္မတ က ၎င်းတွင် သွေးတိုး ရောဂါ ခံစားနေရပြီး ၂၀၁၃  ခုနှစ်တွင်  နှလုံးရောဂါခံစားခဲ့ရသည်ဟု ပြောသည်။                         

ဆင်ဟွာ