
မက္ကဆီကိုစီးတီး ဇွန် ၇
ဆွန်နိုရာပြည်နယ် မက္ကဆီကိုကမ်းလွန်တွင် မိသားစုတစ်စု တင်ဆောင် လာသော လှေတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားပြီး ကလေးငယ်နှစ်ဦး အပါအဝင် အနည်းဆုံးရှစ်ဦး သေဆုံးကြောင်း အရပ်သားကာကွယ်မှု ညှိနှိုင်းရေးအေဂျင်စီက တနင်္လာနေ့တွင် အတည်ပြုခဲ့သည်။
ပါရာဂျေး ဗီယေဂျိုဟု လူသိများသော ငါးဖမ်းဧရိယာတစ်ခုရှေ့၌ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက အဆိုပါလှေတိမ်းမှောက်မှု ဖြစ်ပွားခြင်းဖြစ် သည်ဟု အေဂျင်စီမှ ညွှန်ကြားရေးမှူးဖြစ်သူ အယ်ဗာရာဒိုက ပြည်တွင်း မီဒီယာကို ပြောသည်။ ထို့အပြင် လူအနည်းငယ်သာစီးနိုင်သော လှေငယ် ကို လူ ၁၉ ဦး တင်ဆောင်လာကြောင်း၊ အားပါပြင်းထန်သော လှိုင်းတစ်ခု ကြောင့် လှေတိမ်းမှောက်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
လှေတိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ရေတပ်၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့်အတူ ၎င်း၏အဖွဲ့သည် ၁၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး အခြားသူ များကို ရှာဖွေခဲ့ကြောင်း၊ တနင်္ဂနွေနေ့တွင် ခုနစ်ဦး၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး တနင်္လာနေ့တွင် မိန်းကလေးတစ်ဦး၏ အလောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း ပြောသည်။ ဆင်ဟွာ