မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၃) အစည်းအဝေးသို့ တက်ရောက်

 

မကွေး     ဇန်နဝါရီ      ၁၇


မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ဇန်နဝါရီ ၁၆ ရက်က     မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပရာ    မကွေးတိုင်းဒေသကြီး   ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ         တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက် ကြသည်။ 

 


အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် က   ၂၀၂၂ ခုနှစ်က   မကွေးတိုင်းဒေသကြီး   ရင်းနှီး မြှုပ်နှံမှုကော်မတီအစည်းအဝေး ၁၁ ကြိမ် ကျင်းပ နိုင်ခဲ့ပြီး    ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ   ကြီးကြပ်ရေး အဖွဲ့အနေဖြင့်လည်း     လုပ်ငန်းပေါင်း    ၁၆ ခုကို ကွင်းဆင်း၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ် ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်းများကို ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊        မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု  ဝင်ရောက်မှုအနေဖြင့်  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း နှစ်ခု၊  ရင်းနှီးမြှုပ်နှံမှုတန်ဖိုး  အမေရိကန် ဒေါ်လာ ၅၅ ဒသမ ၉၉၄ သန်းနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခု၊ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကျပ်သန်းပေါင်း ၁၅၀၀ ကို ခွင့်ပြုမိန့်ထုတ်ပေးနိုင် ခဲ့ပြီး မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ က မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း တစ်ခု၊ ကျပ်သန်းပေါင်း ၁၈၀၄ ဒသမ၄၄ တို့ကို အတည်ပြုမိန့် ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ MSME  လုပ်ငန်းများကို ကာလတိုအတွင်း အောင်မြင်မှု၊ တိုးတက်မှုများ ရရှိ လာစေရန် အကူအညီအထောက်အပံ့ ဖြစ်စေမည်ဖြစ် ပါကြောင်း၊ ဌာနဆိုင်ရာများအားလုံးကလည်း မိမိ တို့၏    လုပ်ငန်းတာဝန်များကို   ဆောင်ရွက်ရာတွင် နိုင်ငံတော်၏   ဦးတည်ချက်၊   မူဝါဒ၊   ရည်မှန်းချက်၊ မျှော်မှန်းချက် စသည်များနှင့်အညီ အချိတ်အဆက် မိမိ  လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့မှ သာ  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ကို အကောင်အထည်ဖော်ရာတွင် စွမ်းအားပြည့် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

 


ထို့နောက် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ    ကြီးကြပ်ရေးအဖွဲ့က   ကွင်းဆင်း ဝန်ဆောင်မှုပေးခဲ့သည့်လုပ်ငန်းများအပေါ် ကော်မတီ အဖွဲ့ဝင်များက ဆွေးနွေးသည်။

 


မကွေးတိုင်းဒေသကြီးအတွင်း  ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့်      လုပ်ငန်းရှင်များအနေဖြင့် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ မကွေးမြို့နယ်စုပေါင်းရုံး (ဒုတိယထပ်)၊ ပြည်တော် သာ ၁ လမ်း၊  ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ်ဆောင်ရွက်နိုင် ကြောင်း သိရသည်။


မောင်ညီညာ