
မကွေး မေ ၁၀
ပညာရေးဝန်ကြီးဌာန အခြေခံ ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မကွေးတိုင်း ဒေသကြီး ပညာရေးမှူးရုံး ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနား ကို မေ ၉ ရက်က တိုင်းဒေသကြီး ပညာရေးမှူးရုံးရှေ့၌ ကျင်းပ သည်။
အခမ်းအနားတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေ အရွယ်ကလေးအားလုံး ပညာရေး မဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆိုင်းဘုတ်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။
ကျောင်းအပ်နှံရေး သီတင်းပတ် အနေဖြင့် တိုင်းဒေသကြီးအတွင်း ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများ အား မေ ၂၃ ရက်မှ မေ ၃၁ ရက် အထိ ကျောင်းအပ်နှံရေးလက်ခံ ဆောင်ရွက်မည်ဖြစ်ပြီး ကျောင်း အပ်နှံရေးကာလအတွင်း အတန်း အားလုံး ကျောင်းအပ်နှံကြရန်၊ ကျောင်းနေအရွယ် ကလေးငယ် တိုင်း အခြေခံပညာသင်ယူခွင့် ရရန်၊ ကျောင်းအပ်နှံရေး အခွင့် အလမ်းများရရှိပြီး ကျောင်း တက်နှုန်း မြင့်မားလာစေရန်၊ အခမဲ့ပညာရေးစနစ် ကျယ်ကျယ် ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျောင်းအပ်နှံရာတွင် ကျောင်းသား အားလုံးကို မည်သည့်အခကြေး ငွေမျှ ကောက်ခံခြင်းမရှိဘဲ ကျောင်းသုံးပြဋ္ဌာန်း စာအုပ်၊ စာရေးကိရိယာများ၊ ဗလာစာအုပ် နှင့် ကျောင်းဝတ်စုံတစ်စုံစီ အခမဲ့ ထောက်ပံ့ပေးမည်ဖြစ်သည်။
မောင်ညီညာ