မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တီဘီရောဂါရှာဖွေကုသမှုများဆောင်ရွက်

 

ငဖဲ   နိုဝင်ဘာ   ၂၉


မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန တီဘီရောဂါတိုက်ဖျက်ရေးဌာနနှင့်       အနာကြီး ရောဂါတိုက်ဖျက်ရေးဌာနတို့ပူးပေါင်းပြီး တီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းအရ     ငဖဲမြို့နယ်   ပေကုန်း ကျေးရွာ ကန်လယ်မင်းကျောင်းတိုက်ဓမ္မာရုံ၌   ယနေ့ နံနက်ပိုင်းက     တီဘီရောဂါ၊     အနာကြီးရောဂါနှင့် အထွေထွေရောဂါများ         ရှာဖွေကုသပေးခြင်းကို ဆောင်ရွက်ပေးသည်။


ဦးစွာ တိုင်းဒေသကြီး  ပြည်သူ့ကျန်းမာရေးဦးစီး ဌာန တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ ဆရာဝန်ကြီး ဒေါက်တာခိုင်မြင့်ဇင်က    တီဘီရောဂါအကြောင်း သိကောင်းစရာများ၊     ရောဂါလက္ခဏာများနှင့် ဆေးကုသမှုခံယူနေစဉ်အတွင်း ဆေး၏ ဘေးထွက် ဆိုးကျိုးလက္ခဏာများ ကြုံတွေ့ရပါက ကျန်းမာရေး ဝန်ထမ်းများနှင့် ချက်ချင်းသွားရောက် ဆွေးနွေးပြီး ဆေးကုသမှုခံယူရန်  အသိပညာပေးပြောကြားသည်။ ထို့နောက် တီဘီရောဂါ လူနာ ၉၇ ဦးအား လိုအပ် သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးသည်။


အဆိုပါဆေးကုသပေးရာသို့ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ       ဦးကျော်စိုးနှင့်     အဖွဲ့ဝင်များက လိုအပ်သည်များ   ကူညီဆောင်ရွက်ပေးခဲ့ကြောင်း နှင့်  နိုဝင်ဘာ ၃၀ ရက်တွင် ပဒါန်းကျေးရွာ၊  ဒီဇင်ဘာ ၁ ရက်တွင် ပြန်ကြည်ကျေးရွာများသို့ သွားရောက် ကုသမည်ဖြစ်ကြောင်း သိရသည်။


မယု(ငဖဲ)