မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ မွေးမြူရေးဇုန်တစ်ခု အကောင်အထည်ဖော်ရန် လုပ်ငန်းရှင်များ ဖိတ်ခေါ်

 

မကွေး       ဇန်နဝါရီ     ၁၈


မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၁၇ ရက်က မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။   

 


အစည်းအဝေးတွင်    တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က  စိုက်ပျိုးရေးကဏ္ဍအနေဖြင့်   မကွေး တိုင်းဒေသကြီးမှာ  လက်ရှိဆန်ဖူလုံမှု ၇၀  ရာခိုင်နှုန်း သာရှိသည့်အတွက်    ၁၀၀     ရာခိုင်နှုန်းဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊      တိုင်း ဒေသကြီး၏   မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အသား၊ နို့၊ ဥနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တိုးတက် ထုတ်လုပ်နိုင်ရေး၊ ဒေသခံများ အလုပ်အကိုင်    အခွင့် အလမ်းများ     ရရှိစေရေးတို့အတွက်   မွေးမြူရေးဇုန် တစ်ခုကို ပွင့်ဖြူမြို့နယ်   ပြည်လုံးကျော်ကျေးရွာ အုပ်စုရှိ နိုင်ငံတော်ပိုင်မြေ ၂၈၃ ဧကအနက်၂၄၂ ဒသမ ၃ ဧကတွင် အကောင်အထည်ဖော်   ဆောင်ရွက်မည် ဖြစ်သည့်အတွက် လုပ်ငန်းရှင်များ ဖိတ်ခေါ်ဆောင်ရွက် လျက်ရှိကြောင်း၊ မြေအသုံးပြုခွင့်ရရှိရေး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံး၏  ခွင့်ပြုချက်ရရှိပါက  လုပ်ငန်းအမြန်အကောင်အထည်ဖော်  ဆောင်ရွက် နိုင်ရေး (ရေ၊ မီး၊ လမ်းရရှိရေး) သက်ဆိုင်ရာဌာနများမှ      ပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြ ရန် ပြောကြားသည်။

 


ဆက်လက်၍ သစ်တောဦးစီးဌာနနှင့် အပူပိုင်း ဒေသ   စိမ်းလန်းစိုပြည်ရေးဦးစီးဌာနများအနေဖြင့် နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များဖြစ်သော  တမာစိုက်ပျိုးခြင်း၊ ဝါး စိုက်ပျိုးခြင်း၊ ကျေးရွာထင်းစိုက်ခင်းများ စိုက်ပျိုး ခြင်းလုပ်ငန်းများကို အောင်မြင်အောင် အလေးထား ဆောင်ရွက်သွားရန်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ အသက်ငါးနှစ်မှ ၁၂ နှစ်အတွင်း    ကျောင်းသား ကျောင်းသူများအား  ထပ်ဆောင်း ကိုဗစ်-   ၁၉ ကာကွယ်ဆေးကို ဇန်နဝါရီ  ၁  ရက်မှ     စတင်ထိုးနှံ ပေးလျက်ရှိကြောင်း၊      မင်းဘူး(စကု)မြို့နယ် ရွှေစက်တော်ဘုရားပွဲကို   စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည့်အတွက်    ဌာနဆိုင်များက လိုအပ်သည်များ  ပူးပေါင်းဆောင်ရွက်သွားကြရန် အလေးထားမှာကြားလိုကြောင်း၊    လာမည့်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်   မဲဆန္ဒရှင် ပြည်သူများ  ဥပဒေနှင့်အညီ  မဲပေးနိုင်ရေး၊   မြို့နယ် ၂၀ မှ    Server အတွင်း    ထည့်သွင်းထားရှိသည့် အိမ်ထောင်စုပေါင်း ၈၉၄၈၄၆ စုကို ပြည့်စုံမှန်ကန် စေရေး ဇန်နဝါရီ ၉ ရက်မှ စတင်ကာ   မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးလုပ်ငန်း များ စတင်ကောက်ခံနေပြီဖြစ်ရာ  သတ်မှတ်ရက် အတွင်း   ပြီးစီးရေး ဆောင်ရွက်ကြရန်    မှာကြားသည်။   

 


ဆက်လက်၍  တိုင်းဒေသကြီး  ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက      ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ   ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ် ညှိနှိုင်းပေးကာ   လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။                                    

မောင်ညီညာ