မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ အငြိမ်းစားဝန်ထမ်းဟောင်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

နေပြည်တော်  ဖေဖော်ဝါရီ   ၉


မကွေးတိုင်းဒေသကြီး  မကွေးမြို့မှ ဌာန အသီးသီးရှိ အငြိမ်းစားဝန်ထမ်းဟောင်း  များနှင့် ကြီးကြပ်သူများ စုစုပေါင်း ၄၇ ဦး တို့သည်    ယနေ့   နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ      နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်  ဝတ္ထု ကံတော်တွင်   တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက်    ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့်     မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား  လာရောက် ဖူးမြော်ကြည်ညိုကြသည်။


ဗီဒီယိုမှတ်တမ်းပြသ


ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  တည်ဆောက် ပူဇော်ခြင်းနှင့်   ထိန်းသိမ်းခြင်းလုပ်ငန်း များတွင်   ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက    မာရဝိဇယ ဘုရားကြီး  တည်ထားကိုးကွယ်ပူဇော်ရ ခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီး အား    လုပ်ငန်းစဉ်   အဆင့်ဆင့်ဖြင့် အောင်မြင်စွာ     တည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိ    ထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများ     အသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထား ဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ       စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေ တို့ကို            ရှင်းလင်းပြောကြားကြပြီး မာရဝိဇယ      ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး   အောင်မြင်စွာ   တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု         ဗီဒီယို မှတ်တမ်းကို ပြသသည်။ 
ထို့နောက်  အငြိမ်းစားဝန်ထမ်းများ သည် ယခုကဲ့သို့  ရုပ်ပွားတော်မြတ်ကြီး အား  အဆင်ပြေချောမွေ့စွာလာရောက် ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးမှုများနှင့်      ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှု       လုပ်ငန်းစဉ် အဆင့်ဆင့်ကို    အသေးစိတ်ရှင်းလင်း ပြောကြားပေးမှုများအပေါ် ကျေးဇူးတင် စကားများ ပြောကြားကြပြီး ရုပ်ပွားတော် မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော် နိုင်ခဲ့မှု  အခြေအနေနှင့် စပ်လျဉ်း၍ သိရှိ လိုသည်များကို မေးမြန်းကြရာ တာဝန်ရှိ သူများက အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားသည်။ 


  အလှူငွေများပေးအပ်လှူဒါန်း


 ဆက်လက်၍ ဘုရားဖူး အငြိမ်းစား ဝန်ထမ်းများသည် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား  သွားရောက်ဖူးမြော် ကြည်ညိုကြပြီး      ဘုရားရင်ပြင်တော် ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု ၍   တည်ဆောက်ထားသည့်   ဂန္ဓကုဋိ၊ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံ ငယ်ပြသထားမှု ၊  မှတ်တမ်းဓာတ်ပုံ များ၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံ စေတီတော်များနှင့် အခြား သာသနိက အဆောက်အဦများကို ဖူးမြော် လေ့လာကြည်ညိုခဲ့ကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။ 
ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား    အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ           ဘုရားဖူးပြည်သူများ လာရောက် ဖူးမြော်ကြည်ညိုလျက်ရှိသည်။
ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား   လာရောက်ဖူးမြော်ခဲ့ကြ သည့် အငြိမ်းစားဝန်ထမ်းများ၏ ရင်တွင်း စကားသံများကို ယခုလို ကြားသိခဲ့ရသည်။


မင်္ဂလာပါဗျာ။      မကွေးကနေပြီး နေပြည်တော်က    ဒီမာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို       ဖူးရတဲ့အခါမှာ  တော်တော်များများ  အဆင်ပြေတာတွေ့ ရတယ်။     ကားစီးလာတုန်းကလည်း အဆင်ပြေတယ်။  ဒီရောက်တော့လည်း အဆင်ပြေတယ်။   စားဖို့သောက်ဖို့လည်း အဆင်ပြေတယ်။    ဒီမှာရှိတဲ့လူတွေက လည်း ရင်းရင်းနှီးနှီးကြိုဆိုပြီး စနစ်တကျ ကျွန်တော်တို့ကို       ရှင်းပြတဲ့အတွက်  တော်တော်ကို           ပီတိဖြစ်မိပါတယ်။   ကျွန်တော်တို့   အညာမှာရှိတဲ့ ဘုရားတွေ ဟာ ဒီဘုရားကြီးနဲ့ယှဉ်ရင် သေးသေးလေး ပေါ့။  ဒီမှာကျတော့  အကြီးကြီးပဲ။   အဲဒါ ကြောင့်   ကျွန်တော်က    ပြောလိုက်ချင်တာ    “ကြီးကြီးနဲ့ကျယ်ကျယ်     မင်းတည်တဲ့   ဒီဘုရား  ဘေးမသီရန်မခ လိုတရပြည့်စုံ စေတယ်   ဖူးမြော်ဆုတောင်း”  ဆိုတဲ့ ကဗျာလေးကို   ကျွန်တော်ပြောချင်ပါ တယ်။   အာရှမှာ  ရွှေမြန်မာ   ကမ္ဘာမှာ  အလွန်ထင်ရှား      ကျောင်းကန်ဘုရား လှူဒါန်းကြ၏၊ သံဃာအကျော် နှစ်စဉ် ပေါ်၏၊   တရားသံများ   အမြဲကြား၏၊ ဘုရားဖူးနော် နေ့စဉ်ခေါ်၏၊ ရဟန်းရှင်လူ မင်းပြည်သူတို့ ပေါင်းစုအားကြောင့် နေရ ပျော်သည် ပြော၍နေသည် နေပြည်တော် မှာပျော်ပါသည်။ ဒီဘုရားနဲ့ ပတ်သက်တဲ့ နှီးနွှယ်ဆက်စပ်တဲ့ပုဂ္ဂိုလ်များ၊ နိုင်ငံတော် အကြီးအကဲများအားလုံးကို     ကျွန်တော် တို့က  လှိုက်လှိုက်လှဲလှဲ   ကျေးဇူးတင် တယ်ဆိုတဲ့အကြောင်း တင်ပြလိုပါတယ်။


ဒီရုပ်ပွားတော်မြတ်ကြီးကို အရင်ဝင် ဖူးတယ်။  အခုလို  ဘုရားရင်ပြင်တော်ပေါ် လိုက်လံဖူးမြော်ရာမှာ   ဒီလောက်နေပူ နေတာတောင်     ရင်ပြင်တော်ပေါ်မှာ ခင်းထားတဲ့        စကျင်ကျောက်ပြားတွေ ကြောင့်      အေးအေးဆေးဆေး   လမ်း လျှောက်လို့ရတယ်။ ဖူးလို့ရတယ်။ ဘုရား ဖူးပို့ဆောင်ပေးတဲ့ အစိုးရဌာနအဖွဲ့တွေကို      ကျေးဇူးတင်ပါတယ်။ အရင်တုန်းကတော့   တီဗွီပေါ်မှာပဲ မြင်ရဖူးရတာပေါ့။ အခုတော့    စကျင်ကျောက်နဲ့ထုလုပ်ထားတဲ့   ဘုရား ကြီးကို   ကိုယ်တိုင်လည်း   လက်တွေ့ ဖူးမြော်ရတယ်။    ဖူးမြော်ရာမှာလည်း  ဘုရားကြီးက သပ္ပာယ်ကြည်ညိုဖို့ အလွန် ကောင်းပါတယ်။ အခုက မိသားစုမပါသေး ဘူးလေ။   တစ်ယောက်တည်းလာရတာဆို တော့ မိသားစုနဲ့လည်းလာချင်ပါသေးတယ်။ 


ဆရာမကြီးက    ပညာရေးဌာနက အငြိမ်းစား   တစ်ယောက်ဖြစ်ပါတယ်။ မကွေးမြို့နယ်ကနေ  လာရောက်ဖူးမြော် တာဖြစ်ပါတယ်။   ဒီကိုလည်း   တစ်ခါမှ လာရောက် မဖူးမြော်ဖူးပါဘူး။  အခုလို အစိုးရ အစီအစဉ်နဲ့ လာရောက်ဖူးမြော်ခွင့် ရတဲ့အတွက် အလွန်ကိုဝမ်းသာပီတိဖြစ် ပြီးတော့    ကျေးဇူးလည်းတင်ပါတယ်။ ဖူးမြော်ရတာလည်း  အလွန်ကိုကြည်ညို စရာကောင်းပါတယ်။  ဘုရားကြီးကိုမြင်တဲ့ အချိန်မှာ လာရတဲ့ခရီး ကိုယ့်ရဲ့ပင်ပန်းနေ တဲ့    စိတ်တွေ  အရာအားလုံးပျောက်ပြီး တော့ ကြည်နူးနေတဲ့    စိတ်အပြည့်နဲ့ ပျော်ပျော်ရွှင်ရွှင်ဖြစ်မိတာတော့ အမှန်ပါ ပဲ။ ဘုရားကြီးကို ယခုလိုဖူးမြော်နိုင်အောင် တည်ပေးတဲ့   ဘုရားဒကာကြီးကိုလည်း အလွန်ကိုပဲ        ကျေးဇူးတင်ပါတယ်။ ခေတ်အဆက်ဆက်မှာလည်း နောင်လာ နောက်သားလေးတွေ အခုလို ကြည်နူးပြီး တော့ ပျော်ရွှင်နေမှာ သဒ္ဓါတရားဖြစ်ပေါ် နေမယ်ဆိုတာလည်း ဆရာမကြီးအနေနဲ့ ယုံကြည်မိပါတယ်။              


 သတင်းစဉ်