
နေပြည်တော် နိုဝင်ဘာ ၃
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရန်ရည်ရွယ်ပြီး Knowledge Sharing Programme (KSP) သောကြာနေ့ စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၃၆) ဆွေးနွေးပွဲ ကို ယနေ့မွန်းလွဲပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပ သည်။
ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယနေ့မျှဝေဆွေးနွေးမည့် ခေါင်းစဉ်အရ မကွေးတိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှု ပမာဏနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ အခြေခံ အဆောက်အအုံနှင့် ကုမ္ပဏီများအကြောင်းကို သိရှိနားလည်လာမည်ဖြစ်ကြောင်း၊ ထို့ပြင် လာမည့် အပတ်စဉ်များ၌လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုစီအလိုက် အသိပညာဖလှယ်ဆွေးနွေးသွား မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မြေပုံကြီးကို ထင်ထင်ရှားရှား ပိုမိုသိမြင်လာနိုင်မည် ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက်မှု အတွက် ဒေသ၏အရေးပါသည့် ဦးစားပေးရင်းနှီး မြှုပ်နှံမှုအလားအလာများနှင့် ဖြစ်ပေါ်တိုးတက်မှုအခြေ အနေများကိုစနစ်တကျအသိပညာမျှဝေ ဆွေးနွေး ပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူး ရုံး ညွှန်ကြားရေးမှူး ဒေါက်တာ ထိန်လင်းအေးက “မကွေးတိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးမှု အလား အလာအပေါ် လေ့လာတင်ပြခြင်း” ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာ ကြသူများက ဆွေးနွေးမှုခေါင်းစဉ်နှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းနှင့် ဖြည့်စွက်ဆွေးနွေးခြင်းများ ပြုလုပ်ကြသည်။
အခမ်းအနားသို့ ဌာနဆိုင်ရာအရာရှိကြီးများ၊ အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှူးဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသ ကြီး/ ပြည်နယ်ဦးစီးမှူးရုံးများ တက်ရောက်ကြ သည်။
သတင်းစဉ်