မကွေးမြို့ရှိ မဟာဝိသုတာရာမ(တိုက်သစ်)၌ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော် အောက်တိုဘာ  ၂၁


မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ မဟာဝိသုတာရာမ (တိုက်သစ်) ၌ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များအား သင်္ကန်း၊ လှူဖွယ်ပစ္စည်း များနှင့်    နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းတွင်   အဆိုပါကျောင်း တိုက်၌    ကျင်းပရာ   နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊  အဖွဲ့ ဝင် မကွေးမြို့ မဟာဓမ္မိကာရာမ ကျောင်းတိုက်    ပဓာနနာယက ဆရာတော်    အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဥတ္တရ အမှူးပြုသော သံဃာ တော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့် လွင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ်  ကိုကိုဦးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ စေတနာရှင်အလှူရှင် များ တက်ရောက်ကြသည်။

 


လှူဖွယ်ပစ္စည်းများလှူဒါန်း


ဦးစွာ   မဟာဓမ္မိကာရာမ ကျောင်းတိုက်    ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များအား   သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့်   နဝကမ္မ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြ သည်။ ထို့နောက် ဆရာတော်ကြီး ထံမှ   အနုမောဒနာတရားနာယူ ကြည်ညိုကာ  လှူဒါန်းမှုအစုစုတို့ အတွက်    ရေစက်သွန်းချအမျှ ပေးဝေကြသည်။

 


မကွေးမြို့ဝင်မုခ် ဦးတည်ဆောက်


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်   တိုင်းမှူးတို့သည် အသစ်ပြန်လည်   တည်ဆောက် လျက်ရှိသော မကွေးမြို့ မြို့ဝင်မုခ် ဦးတည်ဆောက်ခြင်း လုပ်ငန်းသို့ ရောက်ရှိပြီး    လုပ်ငန်းပြီးစီးမှု အခြေအနေများကို       ကြည့်ရှု စစ်ဆေးခဲ့ကာ   တာဝန်ရှိသူများ ၏  ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ   ညှိနှိုင်းဆောင် ရွက်ပေးသည်။

 


ထို့ပြင် တိုင်းမှူးနှင့် တာဝန် ရှိသူများသည်     အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး        ဦးစီးဌာန ချောင်ခရိုင်  ရေနံချောင်းမြို့နယ် စံပြတမာစိုက်ခင်း(ဧက ၁၀၀) စီမံ ကိန်း   ဆောင်ရွက်နေမှု၊    လုပ်ငန်း ပြီးစီးမှုအခြေအနေများကို  လှည့် လည်ကြည်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။       


သတင်းစဉ်