
Xiaomi 11T Pro စမတ်ဖုန်းကို နိုင်ငံတကာဈေးကွက်မှာ အောက်တိုဘာလ အတွင်းက စတင်ရောင်းချပြီး ပြည်တွင်းဈေးကွက်မှာတော့ မကြာမီ တရားဝင်စတင်ရောင်းချတော့မယ်လို့ Xiaomi Myanmar က ကြေညာ ထားပါတယ်။ စွမ်းဆောင်ရည်မြင့်တဲ့ တန်ဖိုးမြင့်ဖုန်း မော်ဒယ်တစ်ခု ဖြစ်ပြီး အန်းဒရွိုက် 11 ဗားရှင်းဖြစ်ပေမယ့် အန်းဒရွိုက် 12 အပ်ဒိတ်ကို အစောဆုံးရမယ့်ဖုန်းလည်းဖြစ်ပါတယ်။ Xiaomi 11T Pro စမတ်ဖုန်းရဲ့ အဓိကကျတဲ့အချက်တွေကို ဖော်ပြလိုက်ပါတယ်။
နောက်ပိုင်းထွက်စွမ်းဆောင်ရည်မြင့်ဖုန်းတွေမှာ လက်ဗွေနဲ့ဖွင့်တဲ့ စနစ်ကို မျက်နှာပြင်အောက်ထဲမှာသာ ထည့်သွင်းလာကြချိန်မှာ ဒီဖုန်း မှာတော့ လက်ဗွေစနစ်ကို ကိုယ်ထည်ဘေးဘက်မှာ ထည့်ထားတာက အားနည်းချက်တစ်ခုဖြစ်နေပြီး ဒီအားနည်းချက်ကလွဲလို့ စွမ်းဆောင် ရည်ပိုင်း၊ ကင်မရာပိုင်း၊ ဘက်ထရီပိုင်းတွေမှာတော့ ကောင်းမွန်တာ တွေ့ရပါတယ်။ နိုင်ငံတကာဈေးကွက်မှာ RAM ဗားရှင်း သုံးမျိုးခွဲထွက် ထားပေမယ့် ပြည်တွင်းဈေးကွက်မှာတော့ Xiaomi Myanmar က 8/256 တစ်မျိုးတည်းကိုပဲ ရောင်းချဖို့ကြေညာထားပြီး ဈေးနှုန်းက ကျပ် ၉၉၉၀၀၀ ဖြစ်ပါတယ်။
ကိုစိုး