မဇ္စျိမဂုဏ်ရည်ဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒ မထေရ်မြတ်၏ (၅၈)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာနှင့် မဇ္စျိမာလင်္ကာရသာမဏေကျော်အသင်း ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

 

ရန်ကုန်  ဇန်နဝါရီ  ၁၄


မဇ္စျိမဂုဏ်ရည် မဟာစည်သာသနာ့ ရိပ်သာကြီးများ၏     ပဓာနမဟာ နာယက၊   ဓမ္မကထိက   ဗဟုဇန ဟိတဓရ      အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာ နာစရိယ၊ ပြည်တွင်း၊ ပြည်ပမဟာ စည်နာယက၊ သာသနတက္ကသီလ ဓမ္မာစရိယ၊   B.A  (Buddhism), M.A(Buddhist Studies, India), Ph.D  (Sanskrit   University India) မဇ္စျိမဂုဏ်ရည် ဆရာတော် ဒေါက်တာ     ဘဒ္ဒန္တကောဝိဒ မထေရ်မြတ်၏  (၅၈)  နှစ်ပြည့် ဝိဇာတမွေးနေ့      အလှူတော် မင်္ဂလာနှင့်        စာအောင်သံဃာ ဘွဲ့တံဆိပ်     ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင်     ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်  ရဲမွန်တပ်မြို့ မဇ္စျိမဂုဏ်ရည် မဟာစည်တောရ ရိပ်သာကြီးအတွင်းရှိ  မဇ္စျိမဂုဏ် ရောင် မဟာဓမ္မဗိမာန်တော်ကြီး၌ ကျင်းပသည်။

 


တက်ရောက်ကြည်ညို


အခမ်းအနားသို့   နိုင်ငံတော် ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊  ရန်ကုန်တိုင်းဒေသ ကြီး အင်းစိန်မြို့နယ် ရွာမပရိယတ္တိ စာသင်တိုက်  ပဓာန   နာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တတိလော ကာဘိဝံသ        အမှူးပြုသော ဆရာတော်     သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာ ရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီး ချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး        ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊   တိုင်းဒေသကြီး ဝန်ကြီးများ၊   အလှူရှင်များနှင့် ဧည့်ပရိသတ်များ   တက်ရောက် ကြည်ညိုကြသည်။

 


အခမ်းအနားတွင်   ရွာမပရိ ယတ္တိစာသင်တိုက်        ပဓာန နာယက   ဆရာတော်   ဘဒ္ဒန္တ တိလောကာ  ဘိဝံသထံမှ  ဧည့် ပရိသတ်များက  ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ 

 


ထို့နောက်   မဇ္စျိမာလင်္ကာရ သာမဏေကျော်  အသင်းကြီး၏ ဦးဆောင်ဆရာတော်      မဇ္စျိမ ဂုဏ်ရည်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကောဝိဒက မဇ္စျိမာလင်္ကာရ သာမဏေကျော်ဘွဲ့   အောင်မြင် တော်မူကြသည့်       သာသနာ့ အာဇာနည်   အရှင်မြတ်များကို ဂုဏ်ယူ       ဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်စကား  မိန့်ကြား တော်မူသည်။

 


ယင်းနောက် ဇေတဝန်ဓမ္မာရုံ ဆရာတော် ဒေါက်တာအရှင်သော ပါက  က    စာအောင်သံဃာတော် အရေအတွက်ကို     ဖတ်ကြား လျှောက်ထားပြီး   ပြည်ထောင်စု ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်တိုင်းမှူးနှင့်  အလှူရှင်များက ၂၀၂၂ ခုနှစ်တွင်   တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပခဲ့သည့် မဇ္စျိမာလင်္ကာရသာမဏေကျော် စာမေးပွဲကြီး၌ တတိယအဆင့်ကို အောင်မြင်တော်မူသည့်  “မဇ္စျိမာ လင်္ကာရ  သာမဏေကျော်ဘွဲ့ရ” သာသနာ့အာဇာနည် အရှင်မြတ် များနှင့် ပထမအဆင့်၊  ဒုတိယ အဆင့်၊ တတိယအဆင့် သုံးဆင့် လုံးတွင် ဂုဏ်ထူးဖြင့် အောင်မြင် တော်မူခဲ့ကြသည့်     သာသနာ့ အာဇာနည်အရှင်မြတ်    ကိုးပါး တို့အား      ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းကြသည်။

 


ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်


ထို့နောက်  မဇ္စျိမာလင်္ကာရ သာမဏေကျော်စာမေးပွဲ ကျင်းပ ရေးအတွက် ပြည်ထောင်စုဝန်ကြီး က အလှူတော်ငွေ ကျပ်သိန်း ၅၀ ကို   ပေးအပ်လှူဒါန်းရာ  မဇ္စျိမာ လင်္ကာရသာမဏေကျော်အသင်း ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါက်တာ ဒေါ်နီနီက  လက်ခံရ ယူပြီး          ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

 


ယင်းနောက် မဇ္စျိမာလင်္ကာရသာမဏေကျော်စာမေးပွဲ ကျင်းပ ရေးအတွက်    တစ်ကောင်ဘွား ကုမ္ပဏီလီမိတက်       မိသားစုက ငွေကျပ်သိန်း  ၅၀၀၀၊   (USA)အောင်စိုးပိုင်ဆန်ပွဲရုံ ဘုရင့်နောင် က ငွေကျပ်သိန်း ၃၀၀၀၊ မြအဏ္ဏဝါ ပွဲရုံ ဘုရင့်နောင်က ငွေကျပ်သိန်း ၃၀၀၀၊    ရွှေနဒီရွှေရည်ကုမ္ပဏီ လီမိတက်က ငွေကျပ်သိန်း ၅၀ တို့ ကို လှူဒါန်းကြရာ သာသနာရေး နှင့်  ယဉ်ကျေးမှု      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက  လက်ခံရ ယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 


ထို့နောက်   မဇ္စျိမာလင်္ကာရ သာမဏေကျော်အသင်း ဘွဲ့နှင်း သဘင်အခမ်းအနားကိုဆက်လက် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်   ရွာမပရိယတ္တိ စာသင်တိုက်              ပဓာနနာယက ဆရာတော်   ဘဒ္ဒန္တတိလောကာ ဘိဝံသ၊ မဇ္စျိမာလင်္ကာရ သာမဏေ ကျော် အသင်းကြီး၏ ဦးဆောင် ဆရာတော်     မဇ္စျိမဂုဏ်ရည် ဆရာတော်   ဒေါက်တာဘဒ္ဒန္တ ကောဝိဒနှင့်  ဆရာတော်များက မဇ္စျိမာလင်္ကာရ သာမဏေကျော် အသင်း      စာအောင်ဆုရရှိကြ သည့်        သံဃာတော်များအား ဘွဲ့လက်မှတ်များ  ပေးအပ်ချီးမြှင့် ကြသည်။

 


ဆက်ကပ်လှူဒါန်း


ယင်းနောက်   ပြည်ထောင်စု ဝန်ကြီး၊  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်   ရန်ကုန်တိုင်းစစ် ဌာနချုပ် တိုင်းမှူးတို့က ရန်ကုန် တိုင်းဒေသကြီး   အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက် ပဓာန နာယက     ဆရာတော်  ဘဒ္ဒန္တ တိလောကာဘိဝံသထံ ကြာသင်္ကန်း ဆက်ကပ်လှူဒါန်းကြသည်။

 


ထို့နောက်         ကြွရောက် လာတော်မူကြသော  ဆရာတော် ကြီးများက ဘဝတုသဗ္ဗ မင်္ဂလံ သုံး ဂါထာ၊ သဗ္ဗီတိယော နှစ်ဂါထာဖြင့် ရွတ်ပွားချီးမြှောက်ပြီး     မဇ္စျိမာ လင်္ကာရ သာမဏေကျော်အသင်း ကြီး၏ ဦးဆောင်ဆရာတော် မဇ္စျိမ ဂုဏ်ရည်  ဆရာတော်  ဒေါက်တာ  ဘဒ္ဒန္တကောဝိဒထံမှ          ရေစက်ချ    အနုမောဒနာတရား    နာကြားကြ ပြီး  လှူဒါန်းမှု      အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေ ကာ   အခမ်းအနားကို  ရုပ်သိမ်း လိုက်သည်။  

          
 သတင်းစဉ်