မိုးယွန်းကြီးအင်းတွင် မှတ်တမ်းမတင်ရသေးသည့် ကြိုးကြာခေါင်းမည်း ငှက်မျိုးစိတ်သစ်တွေ့ရှိ


 

ပဲခူး    ဇန်နဝါရီ    ၁၈ 
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် နှင့် ဝေါမြို့နယ်အတွင်းရှိ မိုးယွန်း ကြီးအင်း    တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၌ မှတ်တမ်းတင်ထား ခြင်းလုံးဝမရှိသေးသည့် ကြိုးကြာ ခေါင်းမည်း     ငှက်မျိုးစိတ်သစ် တစ်မျိုးကို    ပထမဆုံးအကြိမ် တွေ့ရှိ        မှတ်တမ်းတင်နိုင်ခဲ့ ကြောင်း၊   အဆိုပါ  ဘေးမဲ့တော အတွင်းသို့ ယခုနှစ်၌လာရောက် ကျက်စားသည့်  ငှက်မျိုးစိတ်များ ကို စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်စဉ်   ပြီးခဲ့သည့်   ဒီဇင် ဘာလက  တွေ့ရှိမှတ်တမ်းတင် နိုင်ခဲ့ခြင်းဖြစ်ကြောင်း မိုးယွန်းကြီး အင်း   တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တော အုပ်ချုပ်ရေးမှူးရုံးမှ သိရ သည်။
အဆိုပါ  ငှက်မျိုးစိတ်သစ်ကို  ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက မိုးယွန်းကြီးအင်း၏      ဆက်စပ် ဧရိယာဖြစ်သည့်   လယ်ကွင်းနှင့် ငါးကန်အနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ် ပြီး ကြိုးကြာခေါင်းနီ ငှက်နှင့်အတူ ရောပါလာခြင်း      ဖြစ်ကြောင်း၊ ယင်းကြိုးကြာခေါင်းမည်း ငှက်မျိုး သည်  အုပ်စုလိုက်နေထိုင်ကြပြီး  အင်းတော်ကြီး   ဘေးမဲ့တောတွင် အုပ်စုလိုက် ထောင်နှင့်ချီ၍ တွေ့ရှိ ရကြောင်း၊     ယခုတွေ့ရှိရာတွင် ထူးခြားချက်မှာ ကြိုးကြာခေါင်းနီ  နှင့် ခေါင်းမည်းရောနှောနေထိုင် ကျက်စားနေခြင်း         ဖြစ်ပြီး တစ်ကောင်တည်းသာ     တွေ့ရှိ ရခြင်းဖြစ်ကြောင်း   မိုးယွန်းကြီး အင်းတောရိုင်းတိရစ္ဆာန်    ဘေးမဲ့ တော အုပ်ချုပ်ရေးမှူးရုံး တာဝန်ခံ အရာရှိထံမှ သိရသည်။
ကြိုးကြာငှက်များသည် မျိုးစဉ်    Gruiformes  မျိုးရင်း၊   Gruidae  အုပ်စုရှိ  ခြေတံရှည်နှင့်  လည်ပင်း ရှည် ငှက်များအုပ်စုဖြစ်ကြောင်း၊   ကမ္ဘာပေါ်ရှိ    ကြိုးကြာမျိုးစိတ် ပေါင်း  ၁၅   မျိုးတွင် Antigone၊ Balearica   နှင့်    Grus       ဟူ၍     မျိုးနွယ်           သုံးမျိုးရှိကြောင်း၊ ကြိုးကြာငှက်များသည်    အန္တာ တိကနှင့် တောင်အမေရိကမှလွဲ၍  တိုက်ကြီးအားလုံးတွင် နေထိုင်ကြ ကြောင်း၊ မြန်မာနိုင်ငံတွင် ဌာနေ ငှက်ဟုခေါ်သည့် ကြိုးကြာခေါင်းနီ  (Sarus Crane)နှင့် ဆောင်းရာသီ ရောက်မှသာ       မြန်မာနိုင်ငံသို့ လာရောက်တတ်သည့် ကြိုးကြာ  ခေါင်းမည်း (ဆောင်းခိုငှက်) ဟူ၍  မျိုးစိတ်နှစ်မျိုး   တွေ့နိုင်ကြောင်း၊  အပြည်ပြည်ဆိုင်ရာပတ်ဝန်းကျင်  ထိန်းသိမ်းရေးအဖွဲ့(International Union for Conservation of Nature-IUCN)  ၏   အန္တရာယ်ရှိ အဆင့်စာရင်း  (Red List)  အရ ဆိုလျှင် မြန်မာနိုင်ငံ၏  ကြိုးကြာ ခေါင်းနီသည်           မျိုးသုဉ်းရန် အန္တရာယ်     ကျရောက်နိုင်သော (Vulnerable)  အဆင့်တွင်  ရှိပြီး ကြိုးကြာခေါင်းမည်း  (ဆောင်းခို ငှက်)မှာ  မျိုးသုဉ်းရန်   မစိုးရိမ်ရ သေးသော  မျိုးစိတ်     (Least Concern)    အဆင့်၌သာရှိသော ငှက်မျိုးစိတ်ဖြစ်ကြောင်း   အဆိုပါ ငှက်မျိုးစိတ်များကို      လေ့လာ သုတေသနပြုနေသူ    ပညာရှင် တစ်ဦး၏     ပြောကြားချက်အရ သိရသည်။
မိုးယွန်းကြီးအင်း    တောရိုင်း တိရစ္ဆာန်       ဘေးမဲ့တောသည်  ငှက်များ ပျံသန်းနားခိုရာဧရိယာ အတွင်း  ကျရောက်လျက်ရှိသဖြင့်  ငှက်မျိုးစိတ်များ      အများဆုံး ဝင်ရောက်တတ်သကဲ့သို့  ဆောင်း ရာသီ    ကာလတစ်လျှောက်လုံး နေထိုင်    ကျက်စားခြင်းဖြစ်ကာ မတ်လနှင့်ဧပြီလတို့တွင် ပြန်လည် ထွက်ခွာသွားကြကြောင်း   သိရ သည်။          ပိန်းဇလုပ်သိန်းညွန့်