မျိုးတွေဘယ်လောက်ပြောင်းပြောင်း မျိုးမပြောင်းနိုင်တဲ့အပိုင်းကို ဦးတည်ပြီးကုသပေးနိုင်တဲ့ လူလုပ်ပဋိပစ္စည်းလို ဆေးဝါးတွေ ထွက်လာစရာရှိနေတဲ့အတွက် ဒီဗိုင်းရပ်စ်ရောဂါကို ရေရှည်မှာလူသားတွေအနေနဲ့ နိုင်ကိုနိုင်ရမှာ ဖြစ်ပါတယ်

 

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာအစီအစဉ်
 

ထက်လျှံ

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၈ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာအစီအစဉ် ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး    ။    ။    နိုင်ငံတစ်ဝန်း     ကိုဗစ် - ၁၉ 
            တတိယလှိုင်း ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဌာန      ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ    ညွှန်ကြားရေးမှူး  ဒေါက်တာ သန်းနိုင်စိုးနဲ့    တွေ့ဆုံမေးမြန်းသွားမှာ    ဖြစ်ပါ တယ်။
ကိုဗစ် - ၁၉ ဗီဇပြောင်း ဗိုင်းရပ်စ်တွေ ဖြစ်ပေါ် လာရတဲ့   အကြောင်းရင်းကို   ပြောကြားပေးပါဦး။
ဒေါက်တာသန်းနိုင်စိုး    ။    ။    ကိုဗစ်-၁၉    ရောဂါ
            ဖြစ်ပွားစေတဲ့ ဗိုင်း ရပ်စ်တွေ    ဘယ်လိုစပြီး    မျိုးပြောင်းလာသလဲ ဆိုတာကို ဒီနေ့ဆွေးနွေးမှာဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲကို စဝင်တဲ့ပမာဏက သိပ်မများနိုင်ပါဘူး။ ဗိုင်းရပ်စ်ကောင်ရေ ထောင် ဂဏန်း သို့မဟုတ်  ရာဂဏန်း ခပ်များများ ဖြစ်ချင် ဖြစ်မယ်။   ဒါပေမယ့်  ခန္ဓာကိုယ်ထဲကို  ဝင်ပြီးရင် ဆက်ပွားများလာပြီး ဒုက္ခတွေပေးပါတော့တယ်။ 
ကိုဗစ် - ၁၉ ကို ဖြစ်စေတဲ့ ဗိုင်းရပ်စ် SARS-CoV-2 က အခြားဗိုင်းရပ်စ်တွေထက်စာရင် ပွားတာ နည်းနည်းသက်သာပါတယ်။   တုပ်ကွေးဗိုင်းရပ်စ် တွေရဲ့   ပွားနှုန်းက သူ့ထက်ပိုပြီး ငါးဆလောက် ပိုများပါတယ်။ HIV ဗိုင်းရပ်စ်က SARS-CoV-2 ထက်  ၁၀  ဆ  ပွားနှုန်းမြန်ပါတယ်။  ပွားနှုန်းနဲ့ မျိုးပြောင်းတာ  မြန်လွန်းတဲ့အခါ  HIV ကာကွယ် ဆေးဆိုတာ    အခုအချိန်ထိ  မထွက်နိုင်သေးတဲ့  အနေအထား ဖြစ်ပါတယ်။ ၁၉၈၀  ပြည့်နှစ် ပတ်ဝန်း ကျင်က  HIV  ပိုးစတွေ့တာ  အခုဆိုရင် နှစ်ပေါင်း ၃၀ လောက်ရှိပြီး  HIV  ကာကွယ်ဆေး မရရှိခဲ့သေး ပါဘူး။ 
SARS-CoV-2 က      တစ်နှစ်ကျော်ကာလ အတွင်းမှာ ကာကွယ်ဆေးတွေရလာတယ်ဆိုတာ သူ့ရဲ့ ပွားနှုန်းက ခုနက HIV ပိုးထက်စာရင် ပိုနည်း သလို မျိုးပြောင်းတဲ့နှုန်းက ပိုနှေးနေလို့ပဲ ဖြစ်ပါ တယ်။ ဒါက ကံကောင်းတဲ့အချက် ဖြစ်ပါတယ်။ နောက်ပြီး SARS-CoV-2 မှာ မျိုးပြောင်းတဲ့နှုန်းက တစ်ကောင်ကနေ   အဆင့်ဆင့်  ပွားလိုက်ရာက မျိုးဆက်ပေါင်း ၁၀ ခါလောက် ပြောင်းပြီးရင် တစ်ခါ လောက်  မျိုးထွန်းတာ (mutation) ဖြစ်တယ်လို့ သိရပါတယ်။ မျိုးထွန်းတယ်/မျိုးပြောင်းတယ်ဆိုတာ က မူလမျိုးဗီဇ copy နဲ့မတူပါဘူး။ မျိုးထွန်းပြီးရင် ဆက်လက်ကူးစက်ဖို့ အသုံးမဝင်တဲ့ ဗိုင်းရပ်စ်လည်း ဖြစ်ချင်ဖြစ်သွားတယ်။   ဒီလို  အရေးမကြီးတဲ့ မျိုးပြောင်းတာတွေက   အများစုရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီအထဲကမှ ထူးထူးချွန်ချွန် ထွက်လာတဲ့ မျိုးထွန်းတာ (mutation) တွေက ကျွန်တော်တို့ကို ဒုက္ခပေးမယ့် မျိုးဗီဇတွေအဖြစ်နဲ့ ပြောင်းလာတာ ဖြစ်ပါတယ်။ 
သိပ္ပံပညာရှင်တွေ     ခန့်မှန်းထားတာက လူတစ်ယောက်ဟာ ခန္ဓာကိုယ်ထဲမှာ ပိုးရှိပြီဆိုရင် သန်းပေါင်းတစ်သောင်းလောက် ဗိုင်းရပ်စ်အကောင် ရေ  ရှိနိုင်ပါတယ်။  ဒါတွေက  တစ်ချိန်လုံးပွားနေ တယ်။  သေချာတာက မျိုးဆက် ၁၀ ဆက်မှာ တစ်ကောင်ပွားနှုန်းနဲ့ဆိုရင်   လူတစ်ယောက်မှာ တစ်ရက်ကို မျိုးပြောင်းနိုင်တဲ့ပမာဏက ၁ ဘီလီယံ လောက် ရှိနိုင်ပါတယ်။ ဒါကြောင့် လူတစ်ယောက် ရောဂါဖြစ်ပြီဆိုတာနဲ့   ဒီလူရဲ့  ခန္ဓာကိုယ်ထဲမှာ မျိုးပြောင်းတာရှိနေပြီဆိုတာ   သေချာပါတယ်။ ဒါပေမယ့် မျိုးပြောင်းတိုင်း အရေးမကြီးပါဘူး။
ရောဂါဆက်လက်ကူးစက်ရာမှာ၊  ကာကွယ် ကုသရာမှာ   ဘာမှထူးထူးခြားခြား  ပိုပြီးအရေးပါ မလာဘူး။ ဒါပေမယ့် သန်းထောင်ပေါင်းများစွာ၊ ဘီလီယံထောင်ပေါင်းများစွာ  ပြောင်းလာတဲ့အခါ ထူးထူးခြားခြား   အစွမ်းထက်သွားတာရှိနိုင်ပြီး ဒါမျိုးတွေက ဒုက္ခပေးနိုင်တာ ဖြစ်ပါတယ်။ ဒီလိုမျိုး ပြောင်းတာတွေအထဲကနေပြီး   ‘အယ်လ်ဖာ’၊ ‘ဘီတာ’၊  ‘ဂါမာ’၊  ‘ဒယ်လ်တာ’ကနေ နောက်ဆုံး ‘မျူ’ အထိ   အစွမ်းထက်တဲ့  မျိုးပြောင်းတာတွေ ပေါ်လာတာဖြစ်ပါတယ်။  ဒါပေမယ့်  မျိုးပွားတဲ့ အကြိမ်ရေ ဘီလီယံ၊ ထရီလီယံ လောက်ဖြစ်ပြီးမှ အန္တရာယ်ရှိနိုင်တဲ့ မျိုးပြောင်းမှု နည်းနည်းလောက်ပဲ ပေါ်လာတယ်ဆိုတာ  အားသာတဲ့အချက်  ဖြစ်ပါ တယ်။ 
နောက် SARS-CoV-2 ဗိုင်းရပ်စ်မှာ မျိုးပြောင်း တာ မှန်/ မမှန် စစ်ပေးတဲ့ လုပ်ငန်းစဉ် တစ်ခုရှိ တယ်လို့   ဆိုပါတယ်။  ဒါကြောင့်  ဗိုင်းရပ်စ်က မျိုးပြောင်းချင်တိုင်း ပြောင်းလို့မရတာကို သိရပါ တယ်။    ဒါပေမယ့်  ကူးစက်မှုနှုန်းများလွန်းပြီး ဗိုင်းရပ်စ်တွေပွားလွန်းတဲ့အခါ   မျိုးပြောင်းမှုတွေ ဖြစ်လာတာက ရှောင်လွှဲလို့မရတာ ဖြစ်ပါတယ်။ လူတွေများများ ကူးစက်လေလေ မျိုးပြောင်းတာတွေ ဆက်တိုက်၊ ဆက်တိုက်ရင်ဆိုင်ရလေလေ ဖြစ်ပါ တယ်။   ကူးစက်မှုနှုန်း   နည်းသွားတာနဲ့အမျှ မျိုးပြောင်းနိုင်မှု   အခွင့်အလမ်းက  နည်းသွားမှာ ဖြစ်ပါတယ်။ 
ကမ္ဘာပေါ်မှာ မျိုးပြောင်းတာတွေကို စဉ်ဆက် မပြတ် စောင့်ကြပ်ကြည့်ရှုနေတဲ့ ဓာတ်ခွဲခန်းပညာ ရှင်တွေ၊ သုတေသနပညာရှင်တွေ အများကြီးရှိပါ တယ်။   ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့  ပူးပေါင်းပြီး ကွန်ရက်  (Network)  တွေ လုပ်ထားပါတယ်။ ဒီထဲတစ်ခုက GISAID (Global Initiative on Sharing Avian Influenza Data) လို့ ခေါ်ပါတယ်။ ဒီ   GISAID   Database  ထဲမှာ  SARS-CoV-2 ဗိုင်းရပ်စ်ရဲ့  မူရင်းနဲ့  မျိုးပြောင်းတဲ့ မျိူးကွဲတွေကို  စနစ်တကျ  မှတ်တမ်းတင်ထားပါတယ်။ စိတ်ဝင် စားဖို့ကောင်းတာက   SARS-CoV-2  မှာ Gene က ၁၅ ခုလောက် ရှိပါတယ်။ လူရဲ့ ခန္ဓာကိုယ်ထဲမှာ ဗိုက်မအီမသာဖြစ်တာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့ ဗက်တီးရီးယားပိုး E.coli ကတောင် Gene ပေါင်း ၃၀၀၀  လောက်ရှိတယ်။  လူသားဆဲလ်တစ်ခုမှာ Gene ပေါင်း ၂၀၀၀၀ လောက် ရှိပါတယ်။ 
SARS-CoV-2 ဗိုင်းရပ်စ်ရဲ့ ပထမဆုံး Genomic Sequence က GISAID Database ထဲမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၀ ရက်မှာကတည်းက ရှိတယ် လို့သိရပြီး အခြားမျိုးကွဲတွေရဲ့ Genomic Sequ-ence တွေကို တောက်လျှောက် မှတ်တမ်းတင်ထား တာ ဖြစ်ပါတယ်။ ဥပမာ ‘မျူ’ လို မျိုးပြောင်းတာ သူ့ရဲ့ Genomic Sequencing က GISAID ထဲမှာ ရှိတယ်။ မြန်မာနိုင်ငံမှာ သုတေသနပညာရှင်တွေက နိုင်ငံခြားက  ဝင်ရောက်လာတယ်၊  ကူးစက်မှုနှုန်း လည်း မြန်တယ်၊  ဘယ်လိုပိုးမျိုးလဲ  သိချင်တဲ့အခါ အဲဒီဓာတ်ခွဲနမူနာကိုယူပြီး  Genomic  Sequencing လုပ်ပြီး GISAID လို နေရာမျိုးတွေကိုပို့ပြီး အဲဒီမှာ ရှိနေတဲ့ Genomic Sequence တွေနဲ့ တိုက်ဆိုင် ကြည့်ရပါတယ်။  ကိုယ်တွေပို့တဲ့  ဓာတ်ခွဲနမူနာရဲ့ Genomic Sequencing က GISAID မှာရှိတဲ့ ‘မျူ’ရဲ့ Senquence နဲ့တူရင် မြန်မာနိုင်ငံကို ‘မျူ’ ရောက်ပြီ လို့  ပြောလို့ရပါတယ်။  ‘ကပ်ပါ’ ရဲ့  Genomic Senquence  နဲ့တူရင်  ‘ကပ်ပါ’  ၊  ‘ဒယ်လ်တာ’ရဲ့ Genomic Senquence   နဲ့တူရင်   ‘ဒယ်လ်တာ’ ရောက်ပြီလို့ ပြောလို့ရပါတယ်။ 
ဘယ်နေရာ၊  ဘယ်အချိန်နဲ့  ဘယ်လူတွေမှာ ရောဂါဘယ်လောက်ဖြစ်တယ်ဆိုတဲ့ Epidemio-logical Surveillance Data တွေကို ကူးစက်ရောဂါ၊ ကပ်ရောဂါဆိုင်ရာပညာရှင်တွေက  တင်ပြနေတဲ့ အချိန်မှာ  မျိုးဗီဇပြောင်းလဲတာတွေကို စောင့်ကြပ် ကြည့်ရှုနေတဲ့ ဓာတ်ခွဲခန်းပညာရှင်တွေနဲ့ သုတေ သနပညာရှင်တွေပါဝင်တဲ့ Laboratory Survei-llance   လုပ်ငန်းက  ဓာတ်ခွဲနမူနာတွေ  ယူပြီး Genomic  Sequencing လုပ်ပြီး GISAID လို Genomic Database တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး တွေ့ရှိရတဲ့     ဗိုင်းရပ်စ်မျိုးဗီဇ  ပြောင်းလဲမှုတွေကို အများပြည်သူသိရှိသတိပြုနိုင်ရေး ထုတ်ပြန်ပေးနေ တာ ဖြစ်ပါတယ်။ 
မြန်မာနိုင်ငံမှာ    ဆေးသုတေသနဦးစီးဌာနနဲ့ တပ်မတော်ဆေးသုတေသနတပ်ဖွဲ့တို့က  ဒီလုပ်ငန်း တွေကို အဓိကလုပ်ပေးနေပါတယ်။ မြန်မာနိုင်ငံမှာ ‘ဒယ်လ်တာ’ က ဘယ်နှယောက်၊ ‘ကပ်ပါ’ က ဘယ်နှယောက်ဆိုပြီး ထုတ်ပြန်နိုင်တာ ဒီလို သုတေ သနပညာရှင်တွေရဲ့ ကျေးဇူးကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်  Epidemiology    Surveillance  လို တစ်ဖက်က   Laboratory   Surveillance  က သိပ်အရေးကြီးပါတယ်။
မျိုးဗီဇတွေ     ဘယ်လိုပဲ    ပြောင်းနေပါစေ ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုက ရှိနေပါတယ်။ Astra Zeneca (COVISHIELD)  ဆိုရင် ‘ဒယ်လ်တာ’ အပေါ်မှာ ရောဂါကာကွယ်နိုင်မှုအနေနဲ့ ၆၇ ရာခိုင် နှုန်းအထိကို   ထိရောက်မှုရှိကြောင်း သိရပါတယ်။ ရောဂါပြင်းထန်စွာဖြစ်ပွားမှု၊ ဆေးရုံတက်ရောက် ကုသရမှုတွေကို ၉၃ ရာခိုင်နှုန်းအထိ ကာကွယ်နိုင် တယ်လို့ သုတေသနတစ်ခုက ဆိုပါတယ်။ ဒါပေမယ့် သုတေသနတစ်ခုနဲ့တစ်ခု  ကွာခြားမှုရှိနိုင်ပါတယ်။ မျိုးပြောင်းသွားလည်း     ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုကရှိနေတုန်းဆိုတာ ထင်ထင်ရှားရှား တွေ့နေရပါတယ်။ 
ဗိုင်းရပ်စ်တွေက များသောအားဖြင့် မျိုးပြောင်း ရင် လူခန္ဓာကိုယ်ထဲကို အများဆုံးထိတွေ့ ဝင်ရောက် ရတဲ့အပိုင်းဖြစ်တဲ့ ဆူးချွန်မှာ ပြောင်းတာများပါ တယ်။ ဆူးချွန်ရဲ့တည်ဆောက်ပုံကို ကွက်တိတုံ့ပြန် နိုင်တဲ့ ပဋိပစ္စည်းကို ထွက်ရှိအောင် ကာကွယ်ဆေးကို ထုတ်လုပ်ရတာ  ဖြစ်ပါတယ်။   ဒီလို ထွက်လာတဲ့ ပဋိပစ္စည်း Neutralizing Antibody နဲ့ ဒီဘက်က ဗိုင်းရပ်စ်ရဲ့ ဆူးချွန်အသားဓာတ် Spike Protein Antigen ထိတွေ့တာက စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီ Antigen နဲ့ အုပ်နိုင်တဲ့ ပဋိပစ္စည်း Neutralizing Antibody က  သော့ခလောက်နဲ  သော့တံလိုပါ။ ဒီသော့ခလောက်ကို ဖွင့်ချင်ရင် ဒီသော့ချောင်းနဲ့မှ ဖွင့်လို့ရပါတယ်။ ဒါမှဒီရောဂါပိုးကို ထိန်းချုပ်နိုင် ပါမယ်။ 
သွေးလွန်တုပ်ကွေးဖြစ်ထားရင်     သွေးလွန် တုပ်ကွေးဗိုင်းရပ်စ်အတွက်   ထွက်တဲ့ပဋိပစ္စည်း ထွက်ချင်ထွက်မယ်၊ ကိုဗစ်-၁၉ အတွက် မရပါဘူး။ ကိုဗစ် - ၁၉ အတွက်ဆိုရင် ကိုဗစ် - ၁၉ ရောဂါ ရပြီး လို့ဖြစ်ဖြစ်၊ ကိုဗစ် - ၁၉ အတွက် သီးသန့်ထုတ်လုပ် ထားတဲ့ ကာကွယ်ဆေးကြောင့်ဖြစ်ဖြစ် ထွက်လာ တဲ့ ပဋိပစ္စည်းကမှ ဗိုင်းရပ်စ်ရဲ့ ဆူးချွန်ကို ကွက်တိ လာပြီး အုပ်လို့ရပါတယ်။ ဆူးချွန်ကို ပဋိပစ္စည်းက များများအုပ်ထားလေလေ    လူရဲ့  ဆဲလ်ထဲကို ဝင်လို့မရတော့လေလေ    ဖြစ်ပါတယ်။   နောက်ဒီလို ပဋိပစ္စည်း Neutralizing   Antibody  တွေက ဗိုင်းရပ်စ်ရဲ့   ဆူးချွန်တွေကို  အုပ်ထားလိုက်ရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ Killer Cell တွေက မှတ်မိ သွားပြီး ဗိုင်းရပ်စ်ကို ဝိုင်းဝန်းဖျက်ဆီးလိုက်တော့ ဗိုင်းရပ်စ်က ဆက်ပြီးပွားလို့ မရတော့ပါဘူး။ 


မျိုးပြောင်းတာတွေကြောင့်  ဆူးချွန်မှာ  တည် ဆောက်ပုံပြောင်းသွားတာနဲ့အမျှ ကာကွယ်ဆေး တွေရဲ့ ထိရောက်မှုကိုလျော့ကျစေတာ၊ အရင်က    ရောဂါဖြစ်ပြီးသားလူရဲ့  ကိုယ်ခန္ဓာထဲက ပဋိပစ္စည်း ကို မျိုးပြောင်းထားတဲ့ပိုးက ရှောင်လွှဲနိုင်စွမ်းရှိလာ တယ်ဆိုတာ ဒီသဘောတရားတွေကြောင့် ဖြစ်တာ ပါ။ လက်ရှိအနေအထားအရ    မျိုးပြောင်းပေမယ့် အများကြီးပြောင်းသွားတာ မဟုတ်ပါဘူး။ ကာကွယ် ဆေးတွေရဲ့   ထိရောက်မှုက  ရှိနေတုန်းဖြစ်ပါတယ်။ 
မျိုးအလွန်ပြောင်းသွားရင်တောင်   ခန္ဓာကိုယ် ထဲမှာ  အခြားခုခံအားစနစ်တွေ  ရှိသေးပါတယ်။ မွေးရာပါခုခံအားစနစ် (Innate Immunity) ဖြစ်ပါ တယ်။ ကာကွယ်ဆေးမထိုးပေမယ့် ၈၀ ရာခိုင်နှုန်း အထိ   ပြန်ကောင်းနိုင်တယ်ဆိုတာက  မွေးရာပါ ခုခံအားစနစ်က အကာအကွယ်ပေးတာ ဖြစ်ပါတယ်။ မွေးရာပါ ခုခံအားစနစ်အားကောင်းဖို့ အိပ်ရေးဝစွာ အိပ်ပါ။    အာဟာရပြည့်ဝစွာစားပါ ဆိုတာတွေကို အမြဲတမ်းပြောနေတာဖြစ်ပါတယ်။ 
လူသားတွေအနေနဲ့   ရှေ့မှာ  ပလိပ်ရောဂါလို ကပ်ရောဂါဆိုးတွေ အများကြီးကြုံတွေ့ခဲ့ရပေမယ့် လူသားတွေ ဒါတွေကို ကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတာ က မိမိတို့ရဲ့ မွေးရာပါ ခုခံအားစနစ်တွေကြောင့်နဲ့ နောက်ပိုင်း   ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေ၊ ဆေးသိပ္ပံပညာတွေ   ခေတ်မီလာလို့  ဖြစ်ပါတယ်။ ဒီလိုပညာရပ်တွေကြောင့်     ကျောက်ရောဂါလို ကူးစက်ရောဂါတော်တော်များများကို ကမ္ဘာပေါ်က ပျောက်ကွယ်သွားအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အလွန်စိုးရိမ်ကြောက်လန့်နေစရာ မလိုပါ ဘူး။   လူသားတွေရဲ့   မွေးရာပါရှင်သန်နိုင်မှုနဲ့ သိပ္ပံပညာရပ်တွေကြောင့် ဒီရောဂါကြီးကို အားလုံး ပူးပေါင်းဆောင်ရွက်မှုနဲ့ ကျော်ဖြတ်နိုင်မှာ ဖြစ်ပါ တယ်။
နောက်တစ်ခုက ကာကွယ်ဆေးတွေ ထုတ်လုပ် တဲ့နေရာမှာ မူလဗိုင်းရပ်စ်ရဲ့ Gene  ၁၅  မျိုးမှာ ဘယ်အရာက    ဆူးချွန်ကို   ဖြစ်ပေါ်စေသလဲ၊ ဘယ်အရာက ဗိုင်းရပ်စ်ရဲ့အခွံကို ဖြစ်စေသလဲဆိုတဲ့ အသိပညာကို အသုံးပြုပြီး mRNA Vaccine လို မျိုးတွေကို ထုတ်လာနိုင်တာဖြစ်ပါတယ်။ မျိုးဆက် ပွားစေတဲ့ Gene ကို မပါစေဘဲ ဆူးချွန်ပဲထွက်အောင် လုပ်တဲ့ Gene ကို mRNA Vaccine လိုမျိုး ကာကွယ် ဆေးမှာ ထည့်သွင်းပြီး လူကိုထိုးပေးလိုက်တဲ့အခါ လူ့ခန္ဓာကိုယ်ထဲမှာ   ဗိုင်းရပ်စ်ရဲ့  ဆူးချွန်တွေကို ထွက်စေပါတယ်။ ဒီဆူးချွန်တွေကို ခန္ဓာကိုယ်က မှတ်မိသိရှိပြီးနောက်ပိုင်း ပဋိပစ္စည်း Neutralizing antibodies တွေ ထွက်စေပါတယ်။ ဒီလိုမျိုးပြောင်း တဲ့အခါမှာ မျိုးပြောင်းတဲ့ ဗိုင်းရပ်စ်ရဲ့ Gene ကိုယူပြီး ခေတ်ပေါ်ကာကွယ်ဆေး        နည်းပညာတွေက မျိုးပြောင်းတာတွေအတွက်    ပိုမိုထိရောက်တဲ့ ကာကွယ်ဆေးတွေကို ပြောင်းပြီးထုတ်လုပ်နိုင်တယ် ဆိုတာကို သတင်းကောင်းပေးလိုပါတယ်။  
နောက်တစ်ချက်က ဆူးချွန်မှာ မျိုးပြောင်းတဲ့ အပိုင်းက ပြောင်းမယ်၊ မပြောင်းတဲ့အပိုင်းက ကျန်ခဲ့ မယ်။ ဒီမပြောင်းတဲ့အပိုင်း (Mutation Resistant Part) ကို ဦးတည်ပြီး လူလုပ်တဲ့ပဋိပစ္စည်း (Mono-clonal Antibody) တွေ ထုတ်လုပ်လာပါတယ်။ ဒါမျိုးတွေက အခုတော်တော်လေး ခေတ်စားလာ   ပါတယ်။ မေလ ၂၆ ရက်က Sotrovimab ဆိုတဲ့ လူလုပ်ပဋိပစ္စည်းဆေးတစ်မျိုးကို အမေရိကန်နိုင်ငံ FDA က အရေးပေါ်အသုံးပြုခွင့်ပေးထားတာ တွေ့ရ ပါတယ်။ 
ဒီပဋိပစ္စည်းဆေးက ဗိုင်းရပ်စ်ရဲ့ မျိုးမပြောင်းတဲ့ အပိုင်းကို ထိန်းချုပ်ပြီး ဗိုင်းရပ်စ်ကို ဆက်ပြီး မပွား နိုင်အောင် လုပ်ပေးတယ်လို့ ဆိုပါတယ်။ ဒီဆေးက ရောဂါပြင်းပြင်းထန်ထန် မဖြစ်ပွားသေးတဲ့၊ အတော် အသင့်ရောဂါပြင်းထန်ပြီး   အောက်ဆီဂျင်ရှူစရာ မလိုသေးတဲ့    လူနာတွေမှာ   ရောဂါဆက်လက် ပြင်းထန်ကာ   ဆေးရုံတက်ရအောင်ဖြစ်တာနဲ့ သေဆုံးမှုဖြစ်လာနိုင်တာတွေကို ၈၅ ရာခိုင်နှုန်းအထိ လျော့ကျနိုင်စေတယ်လို့   ဆိုပါတယ်။  လက်ရှိ မျိုးပြောင်းနေတယ်ဆိုတဲ့   ဗိုင်းရပ်စ်တွေအားလုံး အတွက် ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်၊ ဒီလို ဆေးမျိုးတွေ ပေါ်လာပါပြီ။ 
အချုပ်အားဖြင့်      ဗိုင်းရပ်စ်က   မျိုးတွေ ဘယ်လောက်ပဲပြောင်းပြောင်း   အလွန့်အလွန် ဆိုးရွားတဲ့   မျိုးပြောင်းတာ  မထွက်သေးပါဘူး။ ကာကွယ်ဆေးတွေက လက်ရှိမှာ ထိရောက်နေပါ တယ်။ မျိုးပြောင်းတာနဲ့အမျှ လိုက်ပြီးပြောင်းလို့ရတဲ့ ခေတ်ပေါ် ကာကွယ်ဆေးနည်းပညာတွေ ရှိနေပါ တယ်။   မျိုးတွေ  ဘယ်လောက်ပြောင်းပြောင်း မျိုးမပြောင်းနိုင်တဲ့အပိုင်းကို ဦးတည်ပြီး ကုသပေး နိုင်တဲ့ လူလုပ်ပဋိပစ္စည်းလို ဆေးဝါးတွေ ထွက်လာ စရာရှိနေတဲ့အတွက် ဒီဗိုင်းရပ်စ်ရောဂါကို ရေရှည်မှာ လူသားတွေအနေနဲ့ နိုင်ကိုနိုင်ရမှာ ဖြစ်ပါတယ်။ 
နောက်တစ်ခုက   ဗိုင်းရပ်စ်မျိုးပြောင်းတယ် ဆိုတာ  ခန္ဓာကိုယ်ထဲကိုဝင်ပြီးမှ  ပြောင်းလို့ရတာ ဖြစ်ပါတယ်။ သူ့ရဲ့ ကပ်နိုင်၊ ပွားနိုင်၊ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ပဋိပစ္စည်းကို ရှောင်လွှဲနိုင်၊ ရောဂါပြင်းပြင်း ထန်ထန်ဖြစ်ပွားနိုင်တဲ့အစွမ်းတွေက ခန္ဓာကိုယ် အထဲရောက်ပြီးမှ သူက လက်စွမ်းပြလို့ ရတာဖြစ်ပါ တယ်။ 
ဒါကြောင့် ကာကွယ်ရေးနည်းလမ်းတွေဖြစ်တဲ့ Mask တပ်တာ၊ လက်ဆေးတာ၊ ခပ်ခွာခွာနေတာ၊ လေဝင်လေထွက်ကောင်းတဲ့ အခန်းတွေမှာနေတာ၊ လူစုလူဝေးရှောင်ကြဉ်တာတွေ လုပ်ထားရင် သူက ဝင်လို့မရပါဘူး။   ဒါတွေက  အလွန်ထိရောက်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။   ကာကွယ်ဆေးထိုးနှံ ခြင်း၊ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာခြင်း တွေကို   ပူးတွဲကျင့်သုံးရင်  သူဝင်ရောက်ကူးစက် ပြန့်ပွားနိုင်တဲ့ လူဦးရေက အတော်ကို နည်းသွားမှာ ဖြစ်ပါတယ်။ ကူးစက်ခံရသူနည်းလေ ဗိုင်းရပ်စ်က ဆက်တိုက်ဆတိုးပွားနိုင်တဲ့   အခွင့်အလမ်းတွေ နည်းလေ၊ မျိုးပြောင်းလို့မရလေ ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးနှံခြင်းနဲ့   ကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာခြင်းက မျိုးပြောင်းတာ တွေကို ထိထိရောက်ရောက် ကာကွယ်နိုင်တဲ့အပြင် ဗိုင်းရပ်စ်မျိုးပါ ကျွန်တော်တို့ဆီမှာ ပြတ်သွားနိုင်တဲ့ အခွင့်အလမ်းအထိ  ရှိပါတယ်။   ကူးစက်တဲ့လူ နည်းတာနဲ့အမျှ     မျိုးပြောင်းနိုင်စွမ်းနည်းမယ်။ ကာကွယ်ဆေးရဲ့ထိရောက်မှုက  ပိုပြီးအားကောင်း လာမယ်။ ဒါဆို တဖြည်းဖြည်းနဲ့ ကမ္ဘာကိုပတ်ပြီး ဒုက္ခပေးနေတဲ့      ကပ်ရောဂါကြီးအဆင့်ကနေ တဖြည်းဖြည်း    လျော့ကျလာမှာ     ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။