မိုးသစ်တော၏ အကျိုးကျေးဇူးများ

Type
2222

 

 

ကမ္ဘာပေါ်ရှိ သစ်တောများကို  အပူချိန်၊ မိုးရေချိန်နှင့် ပေါက်ရောက်ရာဒေသများအလိုက် အပူပိုင်း မိုးသစ်တော၊ သမပိုင်းသစ်တောနှင့် အအေးပိုင်းဒေသ ရှိသစ်တောများဟု ယျေဘုယျအားဖြင့် ခွဲခြားနိုင်သည်။
အပူပိုင်းမိုးသစ်တောများသည် တစ်နှစ်ပတ်လုံး ပူပြင်းပြီး မိုးများသောဒေသများတွင်ပေါက်လေ့ရှိသည်။ သစ်မာမျိုး   အများဆုံး  ပေါက်လေ့ရှိပြီး တစ်နှစ်ပတ်လုံးစိမ်းစိုလျက်ရှိကာ  သစ်မာပင်ကြီး များ၏ ထိပ်ဖျားပိုင်း များသည်ပူးကပ်၍ အမိုးသဖွယ် အုပ်မိုးထားသောကြောင့် တောတွင်းတိရစ္ဆာန်လေး များ၏ မှီခိုရာဖြစ်လျက်ရှိသည်။
အကြီးဆုံးမိုးသစ်တော
ကမ္ဘာပေါ်ရှိ မိုးသစ်တောများအနက် အထင် ရှားဆုံး မိုးသစ်တောနှင့် အကြီးဆုံးမိုးသစ်တောမှာ အမေဇုန် မိုးသစ်တောဖြစ်ပါသည်။ အမေဇုန်တော သည်  နှစ်သန်းပေါင်းတစ်ရာမျှ   သက်တမ်းရှိပြီး   ကမ္ဘာပေါ်ရှိသိပြီးသမျှ ငှက်မျိုးစိတ်များအနက်မှ ၂၀ ရာခိုင်နှုန်းတွေ့နိုင်သည် ဟုဆိုသည်။   အမေဇုန် မြစ်ထဲတွင်မူ ငါးမျိုးစိတ်ပေါင်း ၂၀၀၀ ကျော်ခန့်ရှိပြီး  အမေဇုန်မြစ်အတွင်းရှိ     ငါးမျိုးစိတ်များသည် အတ္တလန်တိတ်သမုဒ္ဒရာအတွင်းရှိ   ငါးမျိုးစိတ် ထက်များပြားသည်ဟု ဆိုသည်။
ဒုတိယအကြီးဆုံး  မိုးသစ်တောမှာ အာဖရိက အလယ်ပိုင်းတွင် တည်ရှိသည်။ ထိုမိုးသစ်တော အတွင်း ကွန်ဂိုမြစ်ကြီးဖြတ်သန်းစီးဆင်းလျက်ရှိသည်။ တတိယအကြီးဆုံး မိုးသစ်တောသည် အရှေ့ တောင်အာရှနိုင်ငံများဖြစ်သော  မြန်မာ၊  အင်ဒို နီးရှား၊  မလေးရှားနှင့်    ဘော်နီယိုကျွန်းအပြင် တောင်ပစိဖိတ်ကျွန်းများပေါ်တွင်   တည်ရှိသည်။ မိုးသစ်တောများတွင်     ရှားပါးတိရစ္ဆာန်များနှင့် ရှားပါးသစ်ပင်များစွာ  ပေါက်ရောက်ရှင်သန်လေ့ ရှိသည်။ မိုးသစ်တောများသည် လူနှင့် သက်ရှိများ အတွက် အလွန်တန်ဖိုးကြီးလှသည်။
လူသားတို့အတွက် အကျိုးပြု
မိုးသစ်တောများတွင် ကမ္ဘာပေါ်ရှိ   အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များ၏ တစ်ဝက်ကျော်ကိုတွေ့နိုင် ကြောင်း သိရသည်။ မိုးသစ်တောများသည် လူသား တို့အတွက်  ခန္ဓာဗေဒဆိုင်ရာ   ကုသဆေးများ၊ လူ့အသုံးအဆောင်ပစ္စည်းများ၊   အစားအစာများ အပြင် အချို့သောရှားပါးမျိုးစေ့နှင့်ရှားပါးအပင် များကိုလည်း ထိုသစ်တောထဲမှာ ရှာဖွေတွေ့ရှိနိုင် သည်။ ၁၉၈၇ ခုနှစ်ခန့်က သိပ္ပံပညာရှင်များသည်  မက္ကစီကိုနိုင်ငံရှိ   မိုးသစ်တောအတွင်းမှ   မျိုးဗီဇ ကောင်းမွန်၍ သဘာဝဒဏ်ကို ခံနိုင်ပြီး  ကျန်းမာ သန်စွမ်းသော  ပြောင်းဖူးမျိုးစေ့ကို   ရှာဖွေတွေ့ရှိ ခဲ့သည်ဟု ဆိုသည်။
မိုးသစ်တောမှဆေးဝါးများ
ထို့ပြင်  ငှက်ဖျားရောဂါအတွက်  သောက်သုံး သော  ကွီနိုင်ခေါ် ငှက်ဖျားဆေးကို    ပီရူးနိုင်ငံရှိ   မိုးသစ်တောအတွင်းပေါက်ရောက်သော “စင်ကိုနာ သစ်မာပင်” မှ ထုတ်ယူရရှိသည်။ လူကေးမီးယား ရောဂါကို  ကုသနိုင်မည့်ဆေးကို   မဒါဂတ်စကာ မိုးသစ်တောအတွင်း  ပေါက်ရောက်သော  “ပယ်ရီဝင် ကယ်(လ်)” အပင်အမျိုးအစား၏ အရွက်မှ ထုတ်ယူ ရရှိသည်ဟု သိရသည်။ ထို့ပြင်  သိပ္ပံပညာရှင်များ က မြောက်အမေရိကတိုက်ရှိ မိုးသစ်တောအတွင်းရှိ သစ်မာပင်တစ်ပင်မှ  ကင်ဆာရောဂါကို   ကုသနိုင် သည့်ဆေးကို အောင်မြင်စွာထုတ်ယူနိုင်ခဲ့သည်။
မျိုးစိတ်အသစ်များကိုလည်း တွေ့နိုင်
ဒါ့အပြင် ယနေ့  ကမ္ဘာပေါ်တွင်   မျိုးသုဉ်းလု ဖြစ်နေသော တိရစ္ဆာန်များနှင့်  သားရိုင်းတိရစ္ဆာန် မျိုးစိတ်အသစ်များကိုလည်း      တွေ့နိုင်ပါသည်။    ဥပမာ - အာဖရိကအလယ်ပိုင်းရှိ    မယ်ဒါဂက်(စ်)ကျွန်းတွင် တွေ့ရသော  လီမာမျောက်   မျိုးစိတ်ပေါင်း   ၅၀ ကျော်နေထိုင်လျက်ရှိပြီး နောက်ထပ် မျိုးစိတ် သစ် ၁၂ မျိုးခန့် ထပ်မံတွေ့ရှိကြောင်း  သိရသည်။ ထို့အတူ မိုးသစ်တောများက အောက်ဆီဂျင်ပမာဏ သည် ၄၀ ရာခိုင်နှုန်း ကမ္ဘာ့လေထုအတွင်းသို့ ထုတ် လွှတ်ပေးလျက်ရှိသည်ဟု သိရသည်။
မိုးသစ်တောများနှင့်  အခြားသစ်တောများရှိ ခြင်းအားဖြင့် သဲကန္တာရမဖြစ်ထွန်းခြင်း၊ ကမ္ဘာကြီး ပူနွေးမှုနှင့် ဥတုဖောက်ပြန်မှုများကို  ကာကွယ်ပေး ခြင်းအပြင်  အခြားသော  သဘာဝပတ်ဝန်းကျင် ဆိုင်ရာ  ပြဿနာများကိုပါ    ကာကွယ်ပေးလျက် ရှိသည်။ ထို့ကြောင့် မိုးသစ်တောနှင့်အခြားသော သမပိုင်းသစ်တော၊  အအေးပိုင်း  သစ်တောများကို မခုတ်မထွင်ဘဲ ထိန်းသိမ်းမှုနှင့်အတူ ထပ်မံတိုးချဲ့စိုက်ပျိုးခြင်းများလည်း ဆောင်ရွက်သင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။