မြို့နယ်များ၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားများ ကျင်းပ

 

၂၀၂၂ ခုနှစ် မေ ၅ ရက်တွင် ကျရောက်သည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်းအနားများကို နိုင်ငံတစ်ဝန်းရှိ မြို့နယ်များ၌ ကျင်းပသည်။

 


စစ်တွေ   
ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ယနေ့နံနက် ၇ နာရီက (၇၆)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း က (၇၆) နှစ်မြောက် မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအမှာစကားပြောကြားသည်။
ယင်းနောက် စစ်တွေမြို့ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရေး နှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်းတို့ ဆောင်ရွက်သည်။
အဆိုပါ  အခမ်းအနားသို့   ပြည်နယ်ဝန်ကြီးချုပ်   ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် တက်ရောက်လာသူ များက  မီးငြှိမ်းသတ်ရေးပစ္စည်းနှင့်   ရှာဖွေကယ်ဆယ်ရေးပစ္စည်း ကိရိယာများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။      

 ခရိုင်(ပြန်/ဆက်)

 


နတ်တလင်း
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်၌ (၇၆)နှစ်မြောက် မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို နံနက် ၉ နာရီက  မြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင်    ကျင်းပရာ   မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး က မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ညွှန်ကြားရေးမှူး ချုပ်၏ အမှာစကားကို ဖတ်ကြားသည်။
ထို့နောက်   ခရိုင်အဆင့်ကျင့်ဝတ်ပထမ  ဆုရတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊၂၀၂၀- ၂၀၂၁ ခုနှစ် ဘတ်ဂျက် အတွင်းရရှိခဲ့သော အရန်မီးသတ်တူညီဝတ်စုံပေးအပ်ခြင်း၊ အရန်တပ်ဖွဲ့ တွင် စေတနာ၊ ဝါသနာ၊  အနစ်နာခံ တာဝန်ထမ်းဆောင်ခဲ့သော အရန် မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးမိုးအောင်ထံမှ သိရ သည်။                                                          

မြို့နယ် (ပြန်/ဆက်)

 


ဟိုပန်
ရှမ်းပြည်နယ်မြောက်ပိုင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း  ဟိုပန် မြို့နယ်၌  (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို  ယနေ့နံနက်ပိုင်းက  မြို့နယ်  မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပ​သည်။
အခမ်းအနားတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း   စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်က (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အမှာစကားပြောကြားပြီး ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက  ထူးချွန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဆုများနှင့် ရာထူး တိုးမြှင့်ခြင်းခံရသည့် မီးသတ်တပ်ဖွဲ့ဝင်များအား ရာထူးတံဆိပ်တပ်ဆင် ပေးခဲ့ကာ ဂုဏ်ပြုဆုငွေများ  ချီးမြှင့်ပေးအပ်သည်။
ထို့နောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက  ဟိုပန်ခရိုင် မီးသတ်တပ်ဖွဲ့ဝင်များ၏  ရှာဖွေ ကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးစွမ်းရည်  ပြသမှုကို ကြည့်ရှုအားပေး သည်။ ဆက်လက်၍   ဟိုပန်ခရိုင် မီးသတ်တပ်ဖွဲ့စခန်းရှိ မီးငြှိမ်းသတ်ရေး နှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ခင်းကျင်းပြသထားမှုကို  တက် ရောက်လာကြသူများက  ကြည့်ရှု လေ့လာကြပြီး ပစ္စည်းအမျိုးအမည်နှင့် အသုံးပြုပုံများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ခိုင်က ရှင်းလင်းပြသခဲ့ ကြောင်း သိရသည်။                                                  
ခရိုင်(ပြန်/ဆက်)

 

 

မိုးမိတ်  
ရှမ်းပြည်နယ်မြောက်ပိုင်း    မိုးမိတ်မြို့၌   (၇၆)  နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့   အခမ်းအနားကို  နံနက် ၉ နာရီက   ခရိုင်မီးသတ် ဦးစီးမှူးရုံး၌     ကျင်းပရာ     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    တပ်မတော်ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၆) နှစ် မြောက်   မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့  သဝဏ်လွှာကို    ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်က ဖတ်ကြားသည်။
ဆက်လက်ပြီး အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ခရိုင်နှင့်  မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများက မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးငြှိမ်းသတ်မှု စွမ်းရည်ပြသခြင်း၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြသခြင်း မီးငြှိမ်းသတ် ရေးနှင့် ရှာဖွေကယ်ဆယ်ရေးတို့တွင် အသုံးပြုသော ခေတ်မီကိရိယာများ ပြသခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ 
ခရိုင်(ပြန်/ဆက်)

 


မြန်အောင် 
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုသောအား ဖြင့် ယနေ့နံနက်ပိုင်းက မြန်အောင်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် မိသားစု များ စုပေါင်း၍   မြန်အောင်မြို့   အမှတ်(၄) ရပ်ကွက်ရှိ  မင်းကန်ကြီးကန်၌ ရေမြောင်းတူးဖော်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြု ကြိုဆို သောအားဖြင့်   မြန်အောင်မြို့နယ်   မီးသတ်ဦးစီးအရာရှိ  ဦးကိုကိုသူ ဦးဆောင်သော  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ အရန်မီး သတ်တပ်ဖွဲ့ဝင်များက   မြန်အောင်မြို့   အမှတ်  (၄)  ရပ်ကွက်ရှိ မင်းကန်ကြီးကန်၌ ရေမြောင်းတူးဖော်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။                 ဝင်းဗိုလ် (မြန်အောင်)

 


မိုင်းဆတ်
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့၌ (၇၆)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ် ဦးစီးဌာနတွင် ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က မီးသတ်တပ်ဖွဲ့အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်အမျိုးမျိုးမှ ကာကွယ် စောင့်ရှောက်ခဲ့ကြောင်း၊  ဘေးအန္တရာယ်များ  ကြုံတွေ့လာပါက လူမျိုး ဘာသာမရွေး ပရဟိတစိတ်ဓာတ်ဖြင့် ကူညီကယ်ဆယ်ခြင်းကြောင့် လေးစားဂုဏ်ပြုပါကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်နိုင်ဝင်းက ပြည်နယ်အဆင့် မီးသတ်ကျင့်ဝတ်ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်ပြည့်ဖြိုးအား ထပ်ဆင့်ဂုဏ်ပြုဆုပေးအပ်ခဲ့ကြောင်း သိရသည်။
  မြို့နယ်(ပြန်/ဆက်)

 


ကျောက်တော် 
ရခိုင်ပြည်နယ် ကျောက်တော်မြို့၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ကစ္ဆပနဒီခန်းမ၌ ကျင်းပသည်။
အဆိုပါ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွန့်က ဖတ်ကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း   မှီတင်းနေထိုင်ကြသည့် လုပ်သားပြည်သူများ၏  အသက်အိုးအိမ်၊  စည်းစိမ်ဥစ္စာပစ္စည်များကို မီးဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်အမျိုးမျိုးကနေ ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့ပြီး သမိုင်းဂုဏ်ဒြပ်အစဉ် အလာကြီးမားစွာရပ်တည်လာခဲ့သည့်        မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ဖြစ်ပါကြောင်း၊ နိုင်ငံ တော်နှင့် ပြည်သူလူထုအတွက် စွန့်လွှတ်မှုပေါင်းများစွာဖြင့် ဆောင်ရွက် ခဲ့ကြသည့် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များကို ချီးကျူးဂုဏ်ပြုပါကြောင်း ရှင်းလင်းဖတ်ကြားသည်။ 
ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ရည်မှန်းချက် တာဝန် (၄)ရပ်ကို အကောင်အထည်ဖော်ကာ မီးသတ်သမားကောင်း တစ်ယောက်ထားရှိရမည့်   ခိုင်မာတည်ကြည် ရဲဝံ့စွန့်စားစိတ်၊  အတွေ့ အကြုံရင့်ကျက်ပြီး နည်းပညာပြည့်ဝဖို့ စဉ်ဆက်မပြတ် ကြိုးစားလေ့ကျင့် ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။        

 ခင်မောင်ထွန်း