
နေပြည်တော် နိုဝင်ဘာ ၃
မြို့နယ် အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၈၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်း အခွန်များဦးစီးဌာန၌ ကျင်းပသည်။
သင်တန်းဆင်းပွဲသို့ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊ သင်တန်း နည်းပြများနှင့် အရာထမ်း/အမှု ထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယ ဝန်ကြီးက ပြည်တွင်းအခွန်များ ဦးစီးဌာနသည် digital taxation စနစ်သို့ အသွင်ကူးပြောင်းနိုင် ရေးကို ကြိုးပမ်းအကောင်အထည် ဖော်လျက်ရှိကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ပြောင်းလဲတိုးတက်လာ သည့် နည်းပညာများနှင့်အညီ လိုက်ပါ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြရန်လိုကြောင်း၊ မိမိတို့ တာဝန်ကျရာ နေရာတွင် နိုင်ငံ့ ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန်လို ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် သင်တန်းသူ များကို ဆုများ ချီးမြှင့်ပြီး သင်တန်းဆင်း အောင်လက်မှတ် များ ပေးအပ်သည်။
အဆိုပါသင်တန်းကို နိုင်ငံ တော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ လျော့နည်း လွတ်ကင်းမှု မရှိဘဲ ဥပဒေနှင့်အညီ အပြည့်အဝ ကောက်ခံရရှိနိုင်ရေး အတွက် အခွန်ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင် ပေးရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၈၁ ဦးကို ရက်သတ္တ ရှစ်ပတ်ကြာ သင်ကြား ပို့ချခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်