
နေပြည်တော် ဖေဖော်ဝါရီ ၁၅
မြို့နယ်အချို့၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များကို PDF အမည်ခံအကြမ်း ဖက်သမားများက လက်လုပ်စိန်ပြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၄ ရက် ည ၆ နာရီ ခွဲတွင် ပုလဲမြို့နယ် အင်မထီးကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ PDF အမည်ခံအကြမ်းဖက်သမားက လက်လုပ်စိန် ပြောင်း၊ တူမီးသေနတ်၊ လက်နက်ငယ်များဖြင့် ကျောင်း၏ဘေးပတ်လည်မှနေ၍ ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးဆောင်ရွက်နေ သည့် တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ် ခဲ့ရာ ည ၇ နာရီ မိနစ် ၄၀ တွင် အကြမ်းဖက် အဖွဲ့များ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
အလားတူ ည ၁၂ နာရီခွဲတွင် ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းသို့ PDF အမည်ခံ အကြမ်းဖက် အဖွဲ့က ဇီးဖြူကုန်းကျေးရွာ၏ မြောက်ဘက် ၁ ဖာလုံခန့် အကွာမှ နေ၍ လက်လုပ်စိန်ပြောင်း၊ တူမီးသေနတ်၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင် များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ မိနစ် ၃၀ အကြာတွင် အကြမ်းဖက် အဖွဲ့များ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ထိုကဲ့သို့ စာသင်ကျောင်းများနှင့် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမား များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်စစ်ကြောင်း များနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းများနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်