
နေပြည်တော် ဖေဖော်ဝါရီ ၂
အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည် မြင့်မားရေးအတွက် စာသင်ကျောင်းများ ဖွင့်လှစ်ကာ စာပေသင်ကြားပေးလျက်ရှိသည် ကို လိုလားမှုမရှိသည့် နိုင်ငံရေး အစွန်းရောက် အကြမ်းဖက်သမား များအနေဖြင့် ပညာရေးဆိုင်ရာ ရုံးဌာနများနှင့် စာသင်ကျောင်း များကို မိုင်းထောင်ဖောက်ခွဲခြင်း များ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်း များ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ် လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များအား နိုင်ငံ့ဝန်ထမ်း ပီသစွာ စာပေသင်ကြားပြသပေး လျက်ရှိသည့် ဆရာ ဆရာမများ နှင့် ပညာရေးဝန်ထမ်းများကို အကြမ်းဖက် ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရ သည်။
ထိုသို့ ပြုလုပ်လျက်ရှိရာ ဖေဖော်ဝါရီ ၁ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ် ၁၀/တောင်ရပ်ကွက် ခိုင်ရွှေဝါ လမ်းနှင့် ပိတောက်ရွှေဝါလမ်း သွယ်ထောင့်ရှိ အမှတ် (၆)အခြေခံပညာ အထက်တန်း ကျောင်းအနီး၌ အကြမ်းဖက် သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲ ခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကျောင်း အဆောက်အဦ၏ လေကာမှန် တစ်ချပ် ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ညနေ ၄ နာရီ ၁၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသ ကြီး ကောလင်းမြို့ ဈေးရုံဗိုလ်တဲ ရပ်ကွက်နေ ကောလင်းမြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက် ပညာရေးမှူး ဦးကျော်သိန်း(၅၆)နှစ် (ဘ)ဦးဘဖြန်းနှင့် ၎င်း၏ဇနီး ဖြစ်သူတို့ နေအိမ်အပြင်သို့ သွားနေသည့်အချိန် ၎င်းတို့၏ နေအိမ်အရှေ့သို့ အကြမ်းဖက် သမားနှစ်ဦးက ဆိုင်ကယ်နှစ်စီး ဖြင့် ရောက်ရှိလာပြီး နေအိမ် အတွင်းသို့ လက်လုပ်ဗုံးနှစ်လုံး ဖြင့် ပစ်ပေါက်ခဲ့ရာ လက်လုပ်ဗုံး တစ်လုံးမှာ နေအိမ်အတွင်းသို့ လည်းကောင်း၊ ကျန်တစ်လုံးမှာ နေအိမ်အပြင် မြေကြီးပေါ်၌ လည်းကောင်း ကျရောက် ပေါက်ကွဲခဲ့သဖြင့် ပေါက်ကွဲ မှုကြောင့် နေအိမ်အတွင်းရှိ ရေခဲသေတ္တာ တစ်လုံး၊ သံသေတ္တာ လေးလုံးနှင့် အခြားအသုံး အဆောင်ပစ္စည်းများ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထို့အတူ ယနေ့နံနက် ၉ နာရီ တွင် တိုက်ကြီးမြို့ မင်္ဂလာ ရပ်ကွက်နေ ကိုမျိုးမင်းထွန်း (၃၄)နှစ်(ဘ)ဦးတင်ရွှေသည် ဇနီး ဖြစ်သူ မသန်းသန်းဌေးနှင့်အတူ ဆိုင်ကယ်ဖြင့် သားဖြစ်သူ မောင်သက်ထူးစံကို မြို့မအခြေခံ ပညာ အထက်တန်းကျောင်းသို့ သွားရောက်ပို့စဉ် ရန်ကုန်-ပြည် ကားလမ်းမကြီးဘေးရှိ မင်္ဂလာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အနီး အရောက်၌ ဆိုင်ကယ်စီးနင်း လာသည့် အကြမ်းဖက်သမား နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားသဖြင့် ကိုမျိုးမင်း ထွန်းတွင် ရင်ဘတ်နှင့် ချိုင်း အောက်တို့တွင် ကျည်ထိမှန် ဒဏ်ရာများ ရရှိကာ အခင်းဖြစ် နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်များမှ အကြမ်းဖက်မှု လုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူနိုင် ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်