မိုးညှင်းတက္ကသိုလ်၌ ၂၀၁၉-၂၀၂၀ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ပညာသင်နှစ် နေ့သင်တန်းများဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိ

 

မိုးညှင်း   ဇန်နဝါရီ   ၈


ကချင်ပြည်နယ်    မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့်    ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် နေ့သင်တန်းများကို ဇန်နဝါရီ ၆ ရက်​   နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ရေး  ညွှန်ကြားချက်များ နှင့်အညီ   အေးချမ်းစွာ   ပညာ သင်ကြားလျက်ရှိကြောင်း  သိရ သည်။

 


နိုင်ငံတော်၏   လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပညာရေးကဏ္ဍကို နိုင်ငံတကာ နှင့်အညီ  အဆင့်မြင့်မားတိုးတက် လာစေရေးအတွက်     နိုင်ငံတော် မှ      ဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ   ၆   ရက်နေ့မှ     စတင်၍     ၂၀၁၉ - ၂၀၂၀      ပညာသင်နှစ်နှင့် ၂၀၂၁ - ၂၀၂၂         ပညာသင်နှစ် နေ့သင်တန်းများကို   ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီး ဌာနရှိ တက္ကသိုလ်၊   ဒီဂရီကောလိပ် နှင့် ကောလိပ်များကို တစ်ပြိုင်နက် တည်း  ဖွင့်လှစ်ပေးခဲ့ရာ      မိုးညှင်း ခရိုင်     မိုးညှင်းတက္ကသိုလ်တွင် လည်း   ဖွင့်လှစ်သင်ကြားပေးနေပြီ ဖြစ်သည်။

 


မိုးညှင်း      တက္ကသိုလ်တွင် နေ့သင်တန်းများ        ဖွင့်လှစ် သင်ကြားပေးရာ၌ဇန်နဝါရီ ၇ရက် အထိ  ဂုဏ်ထူးတန်း  တတိယနှစ် တွင် ၁၁ ဦး၊  မဟာအရည်အချင်းစစ် သင်တန်းတွင် သုံးဦးနှင့် မဟာဘွဲ့ သင်တန်း  ပထမနှစ်တွင်  ၁၆ ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ ၃၀ တို့က သက်ဆိုင်ရာ ဘာသာရပ် များအလိုက် အေးချမ်းစွာ ပညာ သင်ကြားလျက်ရှိပြီး    ကျောင်း အပ်နှံရန်     ကျန်ရှိနေသေးသည့် ကျောင်းသား     ကျောင်းသူများ ကို      ကျောင်းအပ်နှံခြင်းများ ဆက်လက်  လက်ခံပေးလျက်ရှိ ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)