မိုးညှင်းမြို့နယ်တွင် ငွေကျပ်သိန်း ၁၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၆ ဒသမ ၆ ကီလိုနှင့် ဘိန်းစိမ်း ၂ ကီလို ဖမ်းဆီးရမိ

 

နေပြည်တော်   ဇွန်   ၃၀


ကချင်ပြည်နယ် မိုးညှင်းမြို့နယ် တွင် ငွေကျပ်သိန်း  ၁၆၀၀  ကျော် တန်ဖိုးရှိ ဘိန်းဖြူ   ၆ ဒသမ ၆ ကီလိုနှင့်   ဘိန်းစိမ်း   ၂   ကီလို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 


မူးယစ်ဆေးဝါး   တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင် များ    ပါဝင်သော   ပူးပေါင်းအဖွဲ့ သည် ဇွန် ၂၃ ရက် ညနေ ၆ နာရီ က  ကချင်ပြည်နယ်  မိုးညှင်းမြို့ နယ်  နန့်စီးအောင် ပူးပေါင်းစစ်ဆေး ရေးဂိတ်တွင်  မန္တလေးမှ   ဟိုပင် မြို့ဘက်သို့  အေးမင်းအောင်(ခ)မင်းမင်း  မောင်းနှင်ပြီး   ဦးကြည် လိုက်ပါလာသည့်       Canter ခြောက်ဘီး   မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၁၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၆ ဒသမ ၆ ကီလိုနှင့် ဘိန်းစိမ်း ၂ကီလို သိမ်းဆည်းရမိခဲ့ပြီး       စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို     ရှမ်း ပြည်နယ်မှ    ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိ ရသဖြင့်  ၎င်းတို့အား  ဥပဒေအရ အရေးယူထားရှိပြီး    ကွင်းဆက် ပြစ်မှု       ကျူးလွန်သူများကို ဆက်လက်စစ်ဆေး   ဖော်ထုတ် လျက်ရှိကြောင်း    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။  

 

သတင်းစဉ်