မိုးညှင်းမြို့၌ ဖြတ်သန်းမောင်းနှင်နေကြသည့် မော်တော်ယာဉ်လိုင်း ၂၅ လိုင်းအနက် သင်္ကြန်ကာလအတွင်း၌ ၂၃ လိုင်း ပုံမှန်အတိုင်းပြေးဆွဲမည်

 

မိုးညှင်း  ဧပြီ  ၁၀


ကချင်ပြည်နယ်  မိုးညှင်းမြို့အတွင်းသို့ ဖြတ်သန်းမောင်းနှင်နေကြသည့် မော်တော်ယာဉ်လိုင်း ၂၅ လိုင်း ရှိသည့်အနက် သင်္ကြန်ကာလအတွင်း၌  ၂၃ လိုင်းသာ ပုံမှန်အတိုင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

 


အဆိုပါ ယာဉ်လိုင်းများသည် မြစ်ကြီးနား - မန္တလေး - ရန်ကုန် စသည့် အခြားမြို့များသို့ ပြေးဆွဲကြရာ မိုးညှင်းမြို့မှ စတင်ထွက်ခွာ ပြေးဆွဲသည့် မော်တော်ယာဉ်လိုင်း သုံးလိုင်းသာရှိပြီး ၎င်းယာဉ်လိုင်း သုံးလိုင်းသည် ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ ခေတ္တပိတ်နားထားမည်ဖြစ် ကြောင်း၊  နှစ်ဆန်း  ၂  ရက်နေ့တွင်   ကားကြီးကွင်း၌    အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ခြင်းများ ပြုလုပ်ပြီး မြို့ပေါ်ယာဉ်လိုင်းများ ယခင်ပုံမှန်အတိုင်း  စတင်ပြေးဆွဲမည်ဖြစ်၍        ကျန်ရှိနေသည့်     မော်တော်ယာဉ်လိုင်း ၂၃ လိုင်းသည် ပုံမှန်အတိုင်းပြေးဆွဲသွားမည်ဖြစ်ကြောင်း  မော်တော်ယာဉ် အသင်းဥက္ကဋ္ဌ ဦးနေဝင်းထံမှ သိရသည်။    

ဇွဲသူရအောင်(ပြန်/ဆက်)