
ရန်ကုန် မတ် ၁၂
ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင် ရွက်နေစဉ်ကာလအတွင်း သံဃာ တော် အရှင်သူမြတ်သူများနှင့် သီလရှင်များ ဆွမ်း အဆင်ပြေ စေရန် တပ်မတော်၊ ဌာနဆိုင်ရာ မိသားစုဝင်များနှင့် အလှူရှင်များ က သက်ဆိုင်ရာမြို့နယ်အသီးသီး တို့တွင် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းရာတွင် ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသ ကြီး ရွှေပြည်သာမြို့နယ် အမှတ် (၅)ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်း လမ်းရှိ မြိုင်သီလရှင်စာသင်တိုက် (သီလရှင်သင်ပညာရေးကျောင်း) တွင် သီတင်းသုံးလျက်ရှိသည့် သီလရှင် အပါး ၇၀ နှင့် စာသင်သား ၈၀ တို့အား ဗိုလ်သင်တန်းအပတ် စဉ်(၅၃) စည်သူတပ်ခွဲမှ အငြိမ်း စား အရာရှိကြီးများနှင့် ကျဆုံး ကွယ်လွန်ခဲ့သည့် အရာရှိများ အားရည်စူး၍ ကျောင်းဆင်း (၄၄) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ဗိုလ်မှူးကြီး အောင်ခိုင်နှင့် အငြိမ်းစား မိသားစုဝင်များက ဆွမ်းဆန်တော်များကို ဆက်ကပ် လှူဒါန်းရာ သီလရှင်စာသင် တိုက် လက်ထောက်ဆရာလေး ဒေါ်ဥတ္တရာထေရီက လက်ခံတော် မူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရ သည်။
ညိမ်းသူ (သတင်းစဉ်)
ဓာတ်ပုံ - ကနူး