မိုင်းခတ်မြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်ပြပွဲပြုလုပ်

 

မိုင်းခတ်  ဖေဖော်ဝါရီ    ၅
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းခတ် မြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊      ဆေးရောင် ခြယ်ပြိုင်ပွဲနှင့်   စာအုပ်စာစောင် ပြပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာနခန်းမ၌    ယမန်နေ့ နံနက်ပိုင်းက   ကျင်းပသည်။
ရှေးဦးစွာ   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာန    မြို့နယ်ဦးစီးမှူး    ဒေါ်နန်းနွယ် အောင်က       ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်းနှင့်    တိုင်းရင်းသား ခေါင်းဆောင် ၂၃ ဦးတို့ သမိုင်းဝင် ပင်လုံစာချုပ်အား      လက်မှတ် ရေးထိုးမှုကြောင့်     မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိလာပုံအကြောင်း၊ ကျောင်းသား     ကျောင်းသူများ အနေဖြင့် မြန်မာနိုင်ငံ၏   နေ့ထူး နေ့မြတ်ကို အမှတ်ရစေရန် ရည် ရွယ်ကြောင်း    ပြောကြားကာ ကျောင်းသား ကျောင်းသူများအားဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပပြီးဆုများပေးအပ်ချီးမြှင့်သည်။
အဆိုပါပြိုင်ပွဲသို့ အခြေခံပညာ      အထက်တန်းကျောင်း မိုင်းခတ်မှ   တတိယတန်း        ကျောင်းသား ကျောင်းသူ ၂၅ ဦး ပါဝင်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲအပြီးတွင်   ခင်းကျင်းပြသ ထားသော စာအုပ်စာစောင်များကို  စိတ်ပါဝင်စားစွာ ကြည့်ရှုကြောင်း သိရသည်။   
မြို့နယ်(ပြန်/ဆက်)