မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းနှင့် ဘုရားရှိခိုးကျောင်းများ ပြုပြင်ရေးအလှူငွေ ပေးအပ်ခြင်းနှင့် ဘိုးဘွားရိပ်သာများနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများသို့ ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကျင်းပ

 

စစ်တွေ     ဇွန်     ၂၂
ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးမှုများ  ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲရန် စစ်တွေမြို့၌ ရောက်ရှိ နေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီး   တင်အောင်စန်းသည်    ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်၊ ဦးလှမိုး၊ ဦးမျိုးသန့်နှင့် ဒေါက်တာသက်သက် ခိုင်၊  ဒုတိယဝန်ကြီးများ၊  တာဝန်ရှိသူများနှင့်အတူ ယနေ့တွင်   ဘုန်းတော်ကြီးကျောင်း၊   ခရစ်ယာန် ဘုရားရှိခိုးကျောင်းနှင့်    ဟိန္ဒူဘုရားကျောင်းများ ပြုပြင်ရေး အလှူငွေပေးအပ်ခြင်းနှင့် ဘိုးဘွားရိပ်သာ များနှင့်   လူငယ်ဖွံ့ဖြိုးရေး   ပရဟိတဂေဟာများသို့  ထောက်ပံ့ငွေများ   ပေးအပ်ခြင်း   အခမ်းအနားသို့  တက်ရောက်ပြီး စစ်တွေမြို့ဘက်စုံသုံးဆိပ်ကမ်းနှင့်  မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဖောင်တော်ကြီးဆိပ်ခံ  တံတား၌   ဆိုက်ကပ်ထားသည့်  သင်္ဘောများပေါ်မှ ကူညီကယ်ဆယ်ရေးနှင့်     ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုမည့်ပစ္စည်းများ ဘေးသင့် ဒေသများသို့ ဖြန့်ခွဲပေးနိုင်ရေး စီမံဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံးဧည့်ခန်းမ၌  ကျင်းပသည့် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းနှင့် ဘုရားရှိခိုး  ကျောင်းများ  ပြုပြင်ရေး  အလှူငွေပေးအပ်ခြင်းနှင့် ဘိုးဘွားရိပ်သာများနှင့်  လူငယ်ဖွံ့ဖြိုးရေး  ပရဟိတ ဂေဟာများသို့ ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်း အနားသို့ တက်ရောက်သည်။
အလှူငွေများပေးအပ်လှူဒါန်း
အခမ်းအနားတွင်    မိုခါ    မုန်တိုင်းတိုက်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း နှင့်ဘုရားကျောင်းများ ပြုပြင်ရေး အလှူငွေပေးအပ်  ခြင်းနှင့်စပ်လျဉ်း၍      နယ်စပ်ရေးရာ   ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်က  ဝေဠုဝန်ဘုန်းတော်ကြီးသင်  ပညာရေး  ကျောင်း၊  ရှင်မာကုကသီဒြယ် ခရစ်ယာန်ဘုရားရှိခိုး  ကျောင်းနှင့် သျှီရီ သျှီရီမိုဟာဒေဗ့်ဘာရီ(မဟာသီဝ) ဟိန္ဒူဘုရားကျောင်းများသို့  အလှူငွေများ  ပေးအပ်  လှူဒါန်းရာ    တာဝန်ရှိသူများက   လက်ခံရယူကြပြီး  ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။ 
ထို့နောက်  ဘိုးဘွားရိပ်သာများနှင့် လူငယ်ဖွံ့ဖြိုး ရေး ပရဟိတဂေဟာများသို့ ထောက်ပံ့ငွေကျပ် ၁၁၈၁ သိန်းအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က    ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းထံ ပေးအပ်သည်။ 
ပိုမိုကြံ့ခိုင်ကောင်းမွန်အောင်တည်ဆောက်
မွန်းလွဲပိုင်းတွင်    ဗိုလ်ချုပ်ကြီး  တင်အောင်စန်း  နှင့်အဖွဲ့သည် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီး ခဲ့သည့်    စစ်တွေမြို့   ကမ်းနားလမ်းရှိ   ကျောက်စီ မြေထိန်းနံရံ၊   ကွန်ကရစ်လမ်း၊    ပလက်ဖောင်းများ ပျက်စီးနေမှုနှင့်   ပြန်လည်ပြုပြင်   တည်ဆောက်  လျက်ရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး  ဗိုလ်ချုပ်ကြီး   တင်အောင်စန်းက   မူလအခြေအနေ ထက်  ပိုမိုကြံ့ခိုင်ကောင်းမွန်အောင်  တည်ဆောက် သွားရန်နှင့် အများပြည်သူ အပန်းဖြေနိုင်ရေးအတွက် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက် သွားရန် မှာကြားသည်။
ဆက်လက်၍ ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့သည်     စစ်တွေမြို့     ဘက်စုံသုံးဆိပ်ကမ်းသို့ သွားရောက်ပြီး    သင်္ဘောဖြင့်     ရောက်ရှိလာသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြု မည့် ပစ္စည်းများကို လူအင်အား၊ စက်ယန္တရားအင်အား များ   အသုံးပြု၍   ဘေးသင့်ဒေသများသို့    ဖြန့်ခွဲ ပေးနိုင်ရေး     စီမံဆောင်ရွက်နေမှုများကို     ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
လိုအပ်သည်များမှာကြား
ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့ သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီး ဆိပ်ခံတံတား၌   ဆိုက်ကပ်ထားသည့်     ပြည်တော် အေး-၄   သင်္ဘောပေါ်မှ    ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်  အသုံးပြု မည့်    ပစ္စည်းများကို   လူအင်အား၊    စက်ယန္တရား အင်အားများ အသုံးပြု၍ ဘေးသင့်ဒေသများသို့ ဖြန့်ခွဲ ပေးနိုင်ရေး     စီမံဆောင်ရွက်နေမှုများကို      ကြည့်ရှု စစ်ဆေးပြီး  တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။ (အပေါ်ပုံ)
ယင်းနောက်  ဗိုလ်ချုပ်ကြီး  တင်အောင်စန်းနှင့် အဖွဲ့သည်   မုန်တိုင်းဒဏ်ကြောင့်    ပျက်စီးခဲ့သည့် ကစ္ဆပရပ်ကွက်  ကမ်းနားလမ်း  ပျက်စီးချို့ယွင်းမှု အခြေအနေများကို    ကြည့်ရှုစစ်ဆေးပြီး     ပြုပြင် မွမ်းမံထိန်းသိမ်းနိုင်ရေးအတွက်        သက်ဆိုင်ရာ တာဝန်ရှိသူများက  ကြပ်မတ်  ဆောင်ရွက်သွားရန် မှာကြားသည်။ 
လိုအပ်သည်များ   ပေါင်းစပ်ညှိနှိုင်း
ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးလှမိုး၊  ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်၊      ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယဝန်ကြီးများသည် ရခိုင်ပြည် နယ်အစိုးရအဖွဲ့ရုံး၌   ကျင်းပသည့်   သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ      လုပ်ငန်းညှိနှိုင်း  အစည်းအဝေးသို့     တက်ရောက်ကြပြီး      လုပ်ငန်း ကော်မတီများအလိုက်       ပြန်လည်ထူထောင်ရေး  ဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်းသည့် အစည်းအဝေး  ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု များ၊ ဆက်လက်ဆောင်ရွက်မည့်  အစီအမံများနှင့်  လုပ်ငန်းတိုးတက်မှုအခြေအနေ     ရှင်းလင်းတင်ပြ ချက်များအပေါ်   လိုအပ်သည်များ   ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်