မိုခါမုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးခြင်း အများဆုံးပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်အတွင်းလျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိ

 

နေပြည်တော်   မေ    ၁၇  


လျှပ်စစ်စွမ်းအား    ဝန်ကြီးဌာန သည်     ပြည်သူများ၏    အခြေခံ လိုအပ်ချက်ဖြစ်သော    လျှပ်စစ် ဓာတ်အားများ တိုးတက်ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက် လျက်ရှိသကဲ့သို့ မေ ၁၄ ရက်တွင်  တိုက်ခတ်သွားသော မိုခါမုန်တိုင်း ကြောင့် လျှပ်စစ်ဓာတ်အားပို့လွှတ် ဖြန့်ဖြူးခြင်း  အများဆုံးပျက်စီးခဲ့ သည့်  စစ်တွေဒေသ၊ ရသေ့တောင် ဒေသများနှင့်  အခြားသော  ရခိုင် ပြည်နယ်   မြောက်ပိုင်းဒေသများ သို့ အမြန်ဆုံး လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး    စီမံ ဆောင်ရွက်လျက်ရှိသည်။ 

 


လုပ်ငန်းညှိနှိုင်းစည်းဝေး


ထိုသို့ ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်စွမ်းအား    ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်း ဟန်သည် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ    ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ   ယနေ့ တွင်  ရခိုင်ပြည်နယ် စစ်တွေမြို့၌  ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသ များသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ် ပေးလျက်ရှိသည့်    ၂၃၀  ကေဗွီ အမ်း - မြောက်ဦး - ပုဏ္ဏားကျွန်း မဟာဓာတ်အားလိုင်း   တာဝါတိုင် ၁၂  တိုင် ပျက်စီးမှုများနှင့်  လျှပ်စစ် ဓာတ်အား    ဖြန့်ဖြူးရေးလိုင်း    ပျက်စီးမှုများကို  ပြုပြင် ဆောင် ရွက်နိုင်ရန် ဝန်ထမ်းအင်အားစု ဖွဲ့ထားရှိမှု၊   ပစ္စည်းများ  ပို့ဆောင် ရောက်ရှိမှုများနှင့်     ပြင်ဆင် ဆောင်ရွက်မည့်     အစီအစဉ်များ နှင့်    ပတ်သက်၍    လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်သည်။ 
သွားရောက်စစ်ဆေး
ယင်းနောက်     ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပျက်စီးနေ သော တာဝါတိုင်များ၊  ဖြန့်ဖြူးရေး လိုင်းများ        ပြန်လည်ပြင်ဆင် တည်ဆောက်နိုင်ရန်      ရှင်းလင်း ဆောင်ရွက်နေမှုများကို     လည်း ကောင်း၊ ပြုပြင်ရန်ပစ္စည်းရောက်ရှိ မှုများကို        လည်းကောင်း  သွားရောက်စစ်ဆေးသည်။

 


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့်  ထိုသို့ပြင်ဆင်ဆောင် ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက်  လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီး ဌာနမှ  ကျွမ်းကျင်ဝန်ထမ်းအင်အား  ၄၂၀  တို့သည်     စစ်တွေဒေသ၊ မြောက်ဦးဒေသ၊   ပုဏ္ဏားကျွန်း ဒေသများတွင်     အသီးသီးဖြန့်ခွဲ ၍       ဓာတ်အားပို့လွှတ်လျက် ရှိသည့်    မဟာဓာတ်အားလိုင်း များ ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများကို   လည်းကောင်း၊ လျှပ်စစ်ဓာတ်အား       ဖြန့်ဖြူး လုပ်ငန်းအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊    ရှမ်းပြည်နယ် (မြောက်ပိုင်း)၊    နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ဧရာ ဝတီတိုင်းဒေသကြီးများမှ     စုဖွဲ့ ထားသော   ကျွမ်းကျင်ဝန်ထမ်း အင်အား  ၆၀၀ ဖြင့် စစ်တွေမြို့ အတွင်း  ပြန်လည်တည်ဆောက် ခြင်း     လုပ်ငန်းများကို    လည်း ကောင်း   ဆောင်ရွက်လျက်ရှိပြီး  မေလကုန်တွင်    ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတစ်ခုလုံးအား လျှပ်စစ်ဓာတ်အား   ပြန်လည်ရရှိ နိုင်ရေး  စီမံဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။  

 


အလားတူ      ပြင်ဆင်ခြင်း လုပ်ငန်းများကို  အချိန်မီ  ပြုပြင် ပြင်ဆင်နိုင်ရန်အတွက်    လိုအပ် လျက်ရှိသော ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံး ဆက်စပ်ပစ္စည်း များဖြစ်သည့်  တန်ချိန် ၆၉ တန် ရှိ တာဝါသံပေါင်များ၊ ကွန်ကရစ် တာဝါတိုင် ၃၅၀၀ နှင့် အိမ်မိုးသွပ် ချပ် ၁၅၀၀၊ မီးစက်များ၊ စက်သုံးဆီ များ အား တပ်မတော်ရေယာဉ်များ ဖြင့် လည်းကောင်း၊ မင်းပြားဒေသ ရှိ     ကွန်ကရစ်တိုင်    ၂၀၀၀   ကို စစ်တွေဒေသသို့ မော်တော်ယာဉ် များဖြင့်   လည်းကောင်း၊   အခြား ဆက်စပ် အသုံးပြုရန် လိုအပ်သည့် ထရန်စဖော်မာများ၊    ကြိုးများ၊ ကြွေသီးများ၊ လိုင်းဆွဲသားရာတွင် အသုံးပြုသည့် ယန္တရားများအား မော်တော်ယာဉ် ၁၂ စီးဖြင့် လည်း ကောင်း ပို့ဆောင်ပေးလျက်ရှိပြီး ကျန်ရှိသော      ပစ္စည်းများကို လည်း    မော်တော်ယာဉ်များဖြင့် ဆက်လက်     ပို့ဆောင်လျက်ရှိ ကြောင်း သိရသည်။  

သတင်းစဉ်