
နေပြည်တော် နိုဝင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နှင့် ထားဝယ်မြို့ နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အရပ်သား များအား အစစ်အဆေးမရှိ ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေကြောင်း ထားဝယ်မြို့ ကြက်စာပြင် ရပ်ကွက် စောမိညိုလမ်းနှင့် ကာစတန်ဆိပ်ကမ်း၌ နိုဝင်ဘာ ၂၆ ရက် ညပိုင်းတွင် ဒေသခံအမျိုးသား ၃၀ ဦးနီးပါးကို လုံခြုံ ရေးအဖွဲ့မှ ဖမ်းဆီးသွားကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းအမှားများ ရေးသားဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုပ်ကြံ သတင်းအတုသာဖြစ်ကြောင်းနှင့် နိုဝင်ဘာ ၂၆ ရက် တွင် လုံခြုံရေးအဖွဲ့များ ယင်းနေရာ၌ လုံခြုံရေး တာဝန်ထမ်းဆောင်ခဲ့မှုမရှိကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ တရားမဝင် ပြည်ဖျက်မီဒီယာများ အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြား စေရန်နှင့် လုံခြုံရေးအဖွဲ့များက ပြည်သူများစိတ်အေး ချမ်းသာစွာ သွားလာနေထိုင်နိုင်ရန်အတွက် တာဝန် ထမ်းဆောင်နေမှုများအပေါ် အထင်အမြင် လွဲမှား စေရန် ဦးတည်ရည်ရွယ်၍ ကောလာဟလ သတင်းတု၊ သတင်းမှားများကို ဖန်တီးရေးသား ဖြန့်ဝေခြင်း သာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်