မြိတ်မြို့ သီတဂူဇီဝိတဒါန၊ စက္ခုဒါနဆေးရုံဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်  နိုဝင်ဘာ   ၁၇    


တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြို့ သီတဂူဇီဝိတဒါန၊ စက္ခုဒါနဆေးရုံတော်   ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံတော်၌ ပြုလုပ်ရာ ကမ္ဘာ့သာသနာပြုသီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ ရွှေကျင်နိကာ ယဥပဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ  အဂ္ဂမဟာ သဒ္ဓမ္မဇောတိက  မဟာဓမ္မကထိက  ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ   အမှူးပြုသော  သံဃာ တော်များ  ကြွရောက်တော်မူကြပြီး  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ စေတနာရှင်အလှူရှင် များနှင့်     ဒေသခံပြည်သူများ  တက်ရောက်ကြသည်။

 


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များ၊   မြို့မိမြို့ဖများက   သီတဂူဇီဝိတဒါန၊   စက္ခုဒါန ဆေးရုံတော်ကြီးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး သီတဂူ ဆရာတော််ကြီးက  ကမ္ပည်းမော်ကွန်းဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ  အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

 


ထို့နောက် တက်ရောက်လာကြသူများက သီတဂူ ဆရာတော်ကြီးထံမှ   ငါးပါးသီလခံယူဆောက်တည် ကြသည်။   ဆက်လက်၍   တနင်္သာရီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ         အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ   ဘဒ္ဒန္တနာရဒက သီတဂူဇီဝိတဒါန၊ စက္ခုဒါန ဆေးရုံတော်        ဖြစ်ပေါ်လာရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားခြင်း၊  တိုင်းဒေသကြီးဝန်ကြီး က    သီတဂူဆရာတော်ကြီးထံ   ဂါရဝပြုကျေးဇူး တင်လွှာဆက်ကပ်ခြင်းနှင့် သီတဂူဆရာတော်ကြီးမှ ဆေးရုံတော်        စီမံစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းထံ   ဆေးရုံတော်ဆိုင်ရာစာရွက် စာတမ်းများ လွှဲပြောင်းပေးအပ်ခြင်းများကို  ဆောင် ရွက်ကြပြီး  ဆေးရုံတော်စီမံစောင့်ရှောက်ရေးဥက္ကဋ္ဌ က     ကျေးဇူးတင်စကား    လျှောက်ထားတင်ပြ သည်။

 


ယင်းနောက်      တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်  တာဝန်ရှိသူများက  လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး        သီတဂူဆရာတော်ကြီးက ဆေးရုံတော်ဖြစ်မြောက်ရေး အလှူတော်ငွေများ ပါဝင် လှူဒါန်းကြသော အလှူရှင်များနှင့် ပရဟိတလူမှုကူညီ ရေးအသင်းအဖွဲ့များအား  ဂုဏ်ပြုမော်ကွန်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက်   တက်ရောက်လာ ကြသူများက  သီတဂူဆရာတော်ကြီးထံမှ   ဩဝါဒ အနုမောဒနာတရားနာယူ၍   လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

 


ဆက်လက်၍    တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က    ခွဲစိတ်ကုသမှုခံယူကြမည့်   ဒေသခံ ပြည်သူများအား    မျက်စိအထူးကုပါရဂူကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက မျက်စိခွဲစိတ်ကုသနိုင်ရေး စနစ်တကျ   စစ်ဆေးနေမှုနှင့်    ခွဲစိတ်ကုသပေးနေ မှုအခြေအနေများကို   လှည့်လည်ကြည့်ရှုအားပေးခဲ့ ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်