မြိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

 

မြိတ်ကုန်သွယ်ရေးစခန်းမှ ထိုင်း နိုင်ငံသို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ၂၇ ရက်မှ နိုဝင်ဘာ ၂၈ ရက်အတွင်း ပို့ကုန်တင်ပို့မှုအနေဖြင့်  ငါးမှုန့် တန် ၉၀၀၊ တန်ဖိုး ၀ ဒသမ ၇၉၉ ဒေါ်လာသန်းနှင့်    ငါးကြိတ်သား ၅ ဒသမ ၉၂ တန် ၊ တန်ဖိုး ၀ ဒသမ ၀၁၁  ဒေါ်လာသန်း  တင်ပို့နိုင်ခဲ့ သည်။ 


မြိတ်    ကုန်သွယ်ရေးစခန်းမှ ၂၀၂၃  ခုနှစ်   နိုဝင်ဘာ ၂၈ ရက် မှ   နိုဝင်ဘာ  ၂၉ ရက်အတွင်း သွင်းကုန်   တင်သွင်းမှုအနေဖြင့် ငါးဖမ်းပစ္စည်း ၂၀ ဒသမ ၄၁၀ တန်၊ တန်ဖိုး ၀ ဒသမ ၀၂၄ ဒေါ်လာသန်း၊ ဆိုင်ကယ်အပိုပစ္စည်း ၀ ဒသမ ၅၇ တန်၊ တန်ဖိုး ၀ ဒသမ ၀၀၁ ဒေါ်လာ သန်း၊ ဆိုင်ကယ်တာယာ အလုံး ၄၀၀၊ တန်ဖိုး ၀ဒသမ ၀၀၂ ဒေါ်လာ သန်းနှင့်    ကြွေပြားကပ်အမှုန့် ၈၂ တန်၊ တန်ဖိုး  ၀ ဒသမ ၀၀၈ ဒေါ်လာသန်း တင်သွင်းခဲ့သည်။ 


မြိတ်ဒေသတွင်     ဓာတ်ဆီ တစ်လီတာ ၂၈၅၀ ကျပ်နှင့် ဒီဇယ် တစ်လီတာ  ကျပ်   ၂၈၆၀  ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရသည်။


ဒေသငွေလဲနှုန်း     အနေဖြင့် ကျပ်/ဘတ် ငွေလဲနှုန်းမှာ ၁ ဘတ် လျှင်     ၉၆  ကျပ်ဖြင့်   အရောင်း အဝယ်ဖြစ်နေကြောင်း    သိရှိရ သည်။                  

(DOT မြိတ်)