မြိတ်ကျွန်းစုရှိ ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းများ အောင်မြင်လျက်ရှိ လေးလအတွင်း တစ်ကန်လျှင် ၃၅ တန်အထိ ထွက်ရှိနေ

 

မြိတ်   မေ   ၇


တနင်္သာရီတိုင်းဒေသကြီးအတွင်း ရှိ   မြိတ်ကျွန်းစုတွင်   စီးပွားဖြစ် လုပ်ကိုင်    ဆောင်ရွက်နေသည့် ရေငန်ပုစွန်  မွေးမြူရေးလုပ်ငန်း များ အောင်မြင်လျက်ရှိပြီး တစ်ကန် လျှင် လေးလအတွင်း ပုစွန်တန်ချိန် ၃၅ တန်ခန့် ထွက်ရှိနေကြောင်း ရေငန်ပုစွန်      မွေးမြူနေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြား သည်။

 


မြိတ်ကျွန်းစုရှိ   ရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းများကို လုပ် ကိုင်လျက်ရှိသော    လုပ်ငန်းရှင် များသည် လွန်ခဲ့သော ငါးနှစ်ခန့်မှ စ၍ ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်း ကို  အရှိန်အဟုန်မြှင့်  လုပ်ကိုင် ဆောင်ရွက်ခဲ့သည်။

 


“ရေငန်ပုစွန်မွေးတဲ့ နေရာမှာ ပုစွန်သားပေါက်တွေကို တစ်ကန် မှာ   နွေရာသီဆို  အကောင်ရေ တစ်သန်းနှစ်သိန်းနဲ့ မိုးရာသီမှာ အကောင်ရေ တစ်သန်းထည့်ရပါ တယ်။ မိုးရာသီမှာ အကောင်ရေ တစ်သန်းထည့်ရင် ပျမ်းမျှ ၂၅ တန် မှ တန် ၃၀ ကြား ထွက်ရှိပါတယ်။ နွေရာသီမှာ ရာသီဥတုကောင်းမွန် တဲ့အတွက် အကောင်ရေတစ်သန်း နှစ်သိန်းဆိုတော့ ၃၅ တန်၊ တန် ၃၀ လောက် အနည်းဆုံးထွက်ရှိ ပါတယ်။ တန် ၃၀၊ ၃၅ တန်ထွက်ရှိ ဖို့ဆိုရင်   စပြီးထည့်တဲ့နေ့ကနေ ရက် ၁၀၀၊  ၁၁၀ အထိထားပြီး မွေးမြူရပါတယ်” ဟု ခိုင်ဇင်ယော် ကုမ္ပဏီမှ   မန်နေဂျင်းဒါရိုက်တာ ဦးစန်းမောင်က ပြောသည်။

 


ရေငန်ပုစွန်    မွေးမြူခြင်း လုပ်ငန်းအတွက် သင်လျော်သည့် မြေနေရာများမှာ    မြိတ်ကျွန်းစု ဒေသတွင် အများအပြားရှိနေရာ သက်ဆိုင်ရာ ဌာနဆိုင်ရာများက အားပေးကူညီ  ဆောင်ရွက်ပေး မည်ဆိုပါက    ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများ ပိုမိုများပြားလာနိုင်​ကြောင်း သိရသည်။

 


“ အခုလက်ရှိ  ပင်လယ်ပြင် မှာ   ငါးသယံဇာတ   တစ်နှစ်ထက် တစ်နှစ် ပိုမိုရှားပါးလာပါတယ်။ ဒီဇယ်ဈေးတွေ   ကုန်ကျစရိတ် တွေကလည်း မြင့်မားလာတယ်။ ဒီနှစ်ချက်စလုံးက စရိတ်တွေကြီး လာတယ်။   ငါးထိမိမှုကလည်း  နည်းလာပြီး  သူတို့မှာ   စရိတ်စက တွေရှိလာတဲ့အတွက်    လုပ်ငန်း တွေဟာ        တော်တော် များများ     အဆင်မပြေကြဘူး။ ကျွန်တော်တို့   ဒေသအတွင်းမှာ  ငါးမွေးမြူရေး၊   ဂျင်းမွေးမြူရေး၊    ပုစွန်မွေးမြူရေး    လုပ်လို့ရတဲ့      မြေနေရာတွေ အများကြီး  ရှိပါတယ်။   ဒီနေရာ မှာသာ ကျွန်တော်တို့ မွေးမြူရေး လုပ်လို့ အောင်မြင်မယ်၊ သက်ဆိုင် ရာဌာနတွေက တွန်းအားပေးမယ် ဆိုရင် သဘာဝတရားတိုင်း   ငါး ဖမ်းဆီးနေ၊   ပုစွန်ဖမ်းဆီးနေတာ ကို တစ်ဖက်တစ်လမ်းကနေ ထိန်း သိမ်း၊ ငါးမျိုးစိတ်  ရှားပါးလာတာ ကိုလည်း     ထိန်းသိမ်းရာရောက် မယ်။  တစ်ဖက်တစ်လမ်းကနေ  ဝင်ငွေတွေကိုလည်း  အထောက် အကူပြု   အစားထိုးနိုင်မှာ   ဖြစ်ပါ တယ်”  ဟု      ဦးစန်းမောင်က ဆက်ပြောသည်။

 


မြိတ်ကျွန်းစုဒေသတွင် ရေငန် ပုစွန်     မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိသော နေရာများ မှာ ကတန်းကျွန်း၊ မစန်းပါးကျွန်း၊ ကျားကြီးအော်ကျွန်းနှင့်   ကော့ သောင်းမြို့နယ်ရှိ  သူဌေးကျွန်းတို့ တွင်   စီးပွားဖြစ်      လုပ်ကိုင် ဆောင်ရွက်လျက်ရှိပြီး   အဓိက အားဖြင့်   ထိုင်းနိုင်ငံသို့    တင်ပို့ ရောင်းချလျက်ရှိကြောင်း    သိရ သည်။                 
 

မြင့်ဦး(မြိတ်)