မြိတ်ကျွန်းစုဒေသသို့ ခရီးသွားဧည့်သည် ဝင်ရောက်မှုရှိလာသည့်အတွက် အပတ်စဉ်ခရီးစဉ်များ ပို့ဆောင်ပေးလျက်ရှိ

 

မြိတ် ဇန်နဝါရီ ၃၀

 


တနင်္သာရီတိုင်းဒေသကြီးအတွင်း ရှိ  ယခုနှစ်   ပွင့်လင်းရာသီတွင် မြိတ်ကျွန်းစုဒေသအတွင်းသို့ ယခု နှစ်ပွင့်လင်းရာသီ၌    ပြည်တွင်း ခရီးသွားဧည့်သည်   ဝင်ရောက်မှု အနည်းငယ်ရှိလာသည့်အတွက် ကြောင့်  အပတ်စဉ်ကျွန်းခရီးစဉ် များကို  ပို့ဆောင်ပေးနေရကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

 


ပြည်တွင်းခရီးသည်ဝင်ရောက်


ကမ္ဘာတစ်ဝန်း  ဖြစ်ပွားလျက် ရှိသော ကိုဗစ်- ၁၉   ရောဂါအခြေ အနေများကြောင့်   နှစ်နှစ်နီးပါး အကြာ      ခရီးသွားဧည့်သည် ဝင်ရောက်မှုမရှိခဲ့သည့်       မြိတ် ကျွန်းစုဒေသအတွင်းသို့     ၂၀၂၂ ခုနှစ်အစပိုင်းတွင်  ပြည်တွင်းခရီး သည်   အနည်းငယ်     ပြန်လည် ဝင်ရောက်လာသည်ဟု   ခရီးသွား ဝန်ဆောင်မှု     ပေးနေသူများထံမှ သိရသည်။

 


“စီးပွားရေး၊ လူမှုရေးကိစ္စရပ် တွေကြောင့်ဖြစ်စေ၊ အလုပ်ကိစ္စ ကြောင့်ပဲဖြစ်စေ    ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်းကို ရောက် လာတဲ့ ခရီးသွားတွေက ကျွန်းခရီး စဉ်တွေကို   လာရောက်လည်ပတ် ကြတယ်။     သီးသန့်လာပြီး အပန်းဖြေတဲ့သူ   အနည်းငယ်ရှိ ပေမယ့်     အရင်လို      ပြန်လည် စည်ကားဖို့    မလွယ်သေးဘူး။ စိတ်ကျဉ်းကျပ်မှုတွေ  ဖြစ်နေတဲ့ ဧည့်သည်တွေအတွက် ကျွန်တော် တို့လည်း  အကောင်းဆုံးဝန်ဆောင် မှုတွေ  လုပ်ဆောင်ပေးပါတယ်။ ဒီလိုကာလမှာ   အကျိုးအမြတ် တစ်ခုအတွက်   မစဉ်းစားဘဲ   ခရီး သွားလုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုး ဖို့အတွက်  လုပ်ဆောင်ပေးနေပါ တယ်”   ဟု   ကျွန်းခရီးစဉ်များ ကို  လိုက်ပါပို့ဆောင်ပေးနေသည့် ဧည့်လမ်းညွှန်တစ်ဦးက   ပြော သည်။

 


ကျွန်းခရီးစဉ်များကို ပို့ဆောင်ပေးနေ


မြိတ်ကျွန်းစု  ဒေသအတွင်း ကျွန်းများသို့   ခရီးသွားဧည့်သည် များ လာရောက်လည်ပတ်မှု နေ့စဉ် မရှိသေးသော်လည်း   အခါကြီး ရက်ကြီး     ရုံးပိတ်ရက်များနှင့် အပတ်စဉ်    စနေ၊  တနင်္ဂနွေနေ့ များတွင်    ကျွန်းခရီးစဉ်များကို ပို့ဆောင်ပေးနေရကြောင်း   သိရ သည်။

 


“ပြည်တွင်းခရီးသွား   ဧည့် သည် လာရောက်မှုက မန္တလေး တိုင်းဒေသကြီး၊   ရန်ကုန်တိုင်း ဒေသကြီးနှင့်    တနင်္သာရီတိုင်း ဒေသကြီးက   လာရောက်တဲ့သူ တွေ များပါတယ်။  ဒီနှစ်  ပွင့်လင်း ရာသီမှာ ကျွန်တော်တို့ ဝန်ဆောင် မှုပေးတဲ့  ကျွန်းတွေက    စမတ် ကျွန်း၊ ဘေလီကျွန်း၊ ကြယ်လိပ် ကျွန်း၊  ပဒန်းကျွန်းတွေ   ဖြစ်ပါ တယ်။ နေ့ချင်းပြန်    ခရီးစဉ်တွေ ရှိသလို ညအိပ်ခရီးစဉ်တွေလည်း ရှိပါတယ်။ ခရီးသည်ဝင်ရောက်မှု အနေထားကိုကြည့်ပြီး   နေ့ချင်း ပြန်ဆိုရင်    အနည်းဆုံး  ကျွန်း သုံးကျွန်းလောက်ကို    ပို့ဆောင် ပေးပါတယ်။ ကျွန်းတွေမှာ Acti-vity တွေ လိုအပ်နေတယ်။  ကား လိုင်း၊    လေကြောင်းလိုင်းတွေ ပုံမှန်ပြေးဆွဲလာရင်တော့     ခရီး သည်တွေ ဒီထက်ပိုမိုဝင်ရောက် လာဖို့       မျှော်လင့်ပါတယ်။ ကျွန်တော်တို့ကတော့   မြိတ် ကျွန်းစုအတွင်းမှာ    ခရီးသွား လုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက် လာစေဖို့အတွက် ဝန်ဆောင်မှုတွေ ကို     အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး လုပ်ဆောင်ပေးနေပါ တယ်” ဟု Moe Travel & Tour မှ ဦးမိုးဇော်က ပြောသည်။

 


မြိတ်ကျွန်းစုဒေသအတွင်းရှိကျွန်းခရီးစဉ်များကို   နေ့ချင်းပြန် သွားပါက   ခရီးသွားဧည့်သည် တစ်ဦးလျှင် ငွေကျပ်  ၁၅၀၀၀၀ ကျသင့်မည်       ဖြစ်ကြောင်းနှင့် ညအိပ်ခရီးစဉ်များဖြစ်ပါက ခရီး သွားဧည့်သည်တစ်ဦးလျှင်   ငွေ ကျပ် ၂၅၀၀၀၀ ကျသင့်ကြောင်း သိရသည်။


မြင့်ဦး(မြိတ်)