မိမိတို့အနေဖြင့် နိုင်ငံတိုးတက်ရေးအတွက် အမြဲမပြတ်ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း အမြဲမပြတ်ကြိုးစားလေ့လာသင်ကြား၊ သင်ယူနေမည်ဆိုပါက ပညာရေးကဏ္ဍနှင့်ပတ်သက်၍ တိုးတက်မှုများ ရရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစ

 

နေပြည်တော်  ဖေဖော်ဝါရီ   ၁၃


အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမ်းတပ်နယ်၌ (၃၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာန ချုပ် အားကစားကွင်း၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး    ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အသင်း များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

 


ဦးစွာ   ဒုတိယတိုင်းမှူးက အမှာစကားပြောကြားပြီး ပြိုင်ပွဲ ဝင်အသင်းများ၏     မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်မှုများကို လိုက်လံကြည့်ရှုအားပေးသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက် ပြုလုပ်ရာ ဆုရရှိကြသည့် အသင်း များအား ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်းနှင့်   အဆိုပါ ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲ မှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၂၁ သင်း  ပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း  သတင်းရရှိ သည်။


သတင်းစဉ်