မီးဘေးနှင့် သဘာဝဘေး ကာကွယ်ရေးတွင် စွမ်းရည်ပြည့်ဝ နှလုံးလှသည့် စွန့်စားဆောင်ရွက် မီးသတ်တပ်ဖွဲ့

Type
77

 

မောင်သင်းပျံ့ 
 

မီးသတ်တပ်ဖွဲ့အား  စနစ်တကျ  ဖွဲ့စည်း၍  ပြည်သူ့ အကျိုးကို ၁၉၄၆ ခုနှစ်မှ  စတင်ထမ်းဆောင်လာခဲ့ သည်မှာ   ၂၀၂၃ ခုနှစ် မေ ၅ ရက်တွင် (၇၇)နှစ် ပြည့်မြောက်ပြီဖြစ်သည်။ 

 


နိုင်ငံနှင့် ပြည်သူ့အကျိုးကို ထမ်းရွက်သယ်ပိုး ကြသည့်   မီးသတ်တပ်ဖွဲ့ဝင်တို့အနေဖြင့် စွမ်းရည် လေးရပ်ဖြစ်သော   မီးသတ်စွမ်းရည်၊    ရှာဖွေ ကယ်ဆယ်ရေး စွမ်းရည်၊  အုပ်ချုပ်မှုစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည် ထက်မြက်စေရန်   စွမ်းဆောင် ရည်မြှင့်တင်ခြင်းလုပ်ငန်းကို အစဉ်အမြဲ  ဆောင်ရွက် လျက်ရှိသည်။ 

 


မီးသတ် စက်/ယာဉ်နှင့်   ပစ္စည်းကိရိယာများ မွမ်းမံရေး၊ ကြံ့ခိုင်ရေးနှင့် အသင့်ရှိရေးလုပ်ငန်းများ၊ ပြည်သူလူထုအား   မီးဘေးလုံခြုံရေး  အသိပညာ ပေးခြင်းကဏ္ဍ  ထိရောက်စွာ  ဆောင်ရွက်ရေး လုပ်ငန်း၊ အရန်နှင့် သီးသန့်  မီးသတ်တပ်ဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းရေးနှင့်  လေ့ကျင့်သင်တန်းပေးရေး လုပ်ငန်း၊ နိုင်ငံတကာအဆင့်နှင့်အညီ ရင်ပေါင်တန်း ဆောင်ရွက်နိုင်ရေးအတွက် ကွပ်ကဲမှုနည်းစနစ်များ၊ မီးသတ်ပညာရပ်များ၊ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ပညာရပ်တို့ကို   အစဉ်အမြဲ   သုတေသနပြုလုပ် ဖော်ထုတ်၍ တပ်ဖွဲ့ဝင်အားလုံး တတ်ကျွမ်းနားလည် စေရန် လေ့ကျင့်ပေးရေးလုပ်ငန်း၊    မီးသတ်တပ်ဖွဲ့ ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအရ အပ်နှင်း ထားသည့် လုပ်ပိုင်ခွင့်နှင့် တာဝန်များကို အသုံးပြု လျက်  မီးဘေးလုံခြုံရေးဆိုင်ရာ    စစ်ဆေးအကြံ ပြုချက်များကို သက်ဆိုင်ရာ နိုင်ငံတော်ပိုင်/ ပုဂ္ဂလိက ပိုင်၊ ဌာန/အဖွဲ့အစည်းများက   တိကျစွာလိုက်နာ ဆောင်ရွက်စေရေးလုပ်ငန်းများ၊  မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင်များအား   နိုင်ငံတော်၏    ခိုင်မာသော အရန်အင်အား ဖြစ်စေရေးအတွက် လေ့ကျင့်ဖွဲ့စည်း မှုဖြင့်   စွမ်းဆောင်ရည်     မြှင့်တင်ရေးလုပ်ငန်း စသည့်     လုပ်ငန်းစဉ်တို့ကို     ဖော်ဆောင်လျက် ရှိသည်။

 


ရည်ရွယ်ချက်ငါးရပ်


မြန်မာနိုင်ငံ  မီးသတ်တပ်ဖွဲ့သည် ရည်ရွယ်ချက် ငါးရပ်ဖြစ်သော နိုင်ငံပိုင်ပစ္စည်း၊  ပုဂ္ဂလိကပိုင်ပစ္စည်း၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် ပြည်သူတို့၏ အသက် အိုးအိမ် စည်းစိမ်တို့ကို မီးဘေးနှင့် အခြားသဘာဝ ဘေးအန္တရာယ်တို့ကြောင့် ပျက်စီးဆုံးရှုံးမှု    မဖြစ် ပွားစေရေးအတွက် ကာကွယ်ပေးရန်၊ မီးသတ်တပ်ဖွဲ့ ကို စနစ်တကျဖွဲ့စည်း၍ လေ့ကျင့်သင်ကြားပေးရန်၊ မီးဘေးအန္တရာယ်နှင့် အခြားသဘာဝဘေးအန္တရာယ်၊ ကပ်ရောဂါအန္တရာယ်(သို့) ရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်တစ်မျိုးမျိုး ကျရောက်သည့်အခါ မီးငြှိမ်းသတ်ရေး၊   ကာကွယ်တားဆီးရေး၊ ရှာဖွေ ကယ်ဆယ်ရေးတို့ကို ဆောင်ရွက်ရန်၊  ဘေးအန္တရာယ် တစ်မျိုးမျိုး   ကျရောက်သည့်အခါ    ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုရရှိရေးအတွက်   ပညာပေး၊ စည်းရုံးလှုံ့ဆော်မှုများ    ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်၊ နိုင်ငံတော်လုံခြုံရေး၊   ပြည်သူတို့ အေးချမ်းသာယာရေးနှင့်   တရားဥပဒေ   စိုးမိုးရေး အတွက် လိုအပ်ပါက  ပါဝင်ကူညီဆောင်ရွက်ရန်  ဟူသည့် ရည်ရွယ်ချက်ထား   ဆောင်ရွက်လျက် ရှိသည်။ 

 


မြန်မာနိုင်ငံ    မီးသတ်တပ်ဖွဲ့၏    လက်ကိုင် ဆောင်ပုဒ်မှာ သတိ၊ သစ္စာ၊ သတ္တိ ဖြစ်ပြီး မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းစနစ်ဖြင့် ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံနှင့် ပြည်သူတို့အတွက် စွန့်စွန့်စားစား ထမ်းဆောင်ခဲ့ကြသည့်အတွက်        မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ စတင်တည်ထောင်ချိန်မှစ၍ ယနေ့ အထိ စွမ်းရည်သတ္တိဆိုင်ရာ   ဘွဲ့တံဆိပ် ၇၆  ဦးနှင့် စွမ်းဆောင်ရည်ဆိုင်ရာ ဘွဲ့တံဆိပ် ၂၃၁ ဦးတို့ကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။   နိုင်ငံတော်က ချီးမြှင့်ခဲ့ သော   ဘွဲ့ထူးဂုဏ်ထူးများအနက်   ၁၉၅၄ ခုနှစ်၌ ညွှန်ကြားရေးဝန် ဦးလှကျော်အား သရေစည်သူဘွဲ့၊ ၁၉၅၆ ခုနှစ်တွင်ညွှန်ကြားရေးဝန် ဦးခင်မောင်လွင်အား ဝဏ္ဏကျော်ထင်ဘွဲ့နှင့်     ညွှန်ကြားရေးမှူးချုပ် ဦးရှားကိုးအား    သီရိပျံချီဘွဲ့    ချီးမြှင့်အပ်နှင်းခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ရဲသီဟတံဆိပ်၊ ရဲသူရတံဆိပ်၊ ရဲဗလတံဆိပ်၊ ရဲသူရိန် တံဆိပ်၊ ရဲကျော်စွာတံဆိပ်၊  ရဲကျော်သူတံဆိပ်နှင့် စိုးမိုးကျော် အမြန်ရေယာဉ်   နစ်မြုပ်မှုဖြစ်စဉ်တွင် နစ်မြုပ်ရေယာဉ်အတွင်းပိတ်မိနေသော ရုပ်အလောင်း များကို တပ်မတော်သားငါးဦးနှင့်အတူ    စွန့်စား သယ်ထုတ် ခဲ့သော  မီးသတ်တပ်ဖွဲ့ဝင်လေးဦးတို့အား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏   ဂုဏ်ထူး ဆောင်လက်မှတ် ချီးမြှင့်ခြင်းခံခဲ့ရသည်။ 

 


နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်


မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သည်  နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုကြောင့်  မီးသတ်စွမ်းရည် များ မြင့်မားလာခဲ့သည်။  ပြင်ဦးလွင်  ဗဟိုမီးသတ် သင်တန်းကျောင်းတွင် မြန်မာ- စင်ကာပူ နည်းပညာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဂျပန်နိုင်ငံတွင် မီးငြှိမ်း သတ်ရေးသင်တန်းနှင့်  ငလျင်ဘေး  အသိပညာပေး ဆောင်ရွက်ခြင်း၊    အိန္ဒိယနိုင်ငံတွင်   ရှာဖွေကယ် ဆယ်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ ပိုလန် နိုင်ငံသို့    ပညာတော်သင်အဖွဲ့   သွားရောက်ခြင်း၊ တရုတ်နိုင်ငံတွင် သုတေသနနှင့်   ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ထိုင်းနိုင်ငံနှင့်   ဘေး အန္တရာယ်ဆိုင်ရာ ဖြစ်စဉ်များ  ကွပ်ကဲမှု   ပူးပေါင်း ဆောင်ရွက်ခြင်း၊ အမေရိကန်နိုင်ငံနှင့်   အကျပ် အတည်းများဆိုင်ရာ    စီမံခန့်ခွဲမှု      ပူးပေါင်း ဆောင်ရွက်ခြင်း၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊  ပြင်သစ်နိုင်ငံနှင့်     ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကြောင့်  မြန်မာနိုင်ငံ   မီးသတ် တပ်ဖွဲ့သည်  ကမ္ဘာ့နိုင်ငံကြီးများရှိ မီးသတ်တပ်ဖွဲ့ များနှင့် မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာကာကွယ်ရေးလုပ်ငန်းများကို     အတူလက်တွဲ ပူးပေါင်းဆောင်ရွက်ခဲ့သည်။    နိုင်ငံအတွင်းရှိ သင်တန်းကျောင်းများတွင်  စွမ်းရည်မြှင့်သင်တန်း များနှင့် နည်းပညာပိုင်းဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ  မျိုးဆက်သစ်များ ကို မွေးထုတ်ပေးလျက်ရှိသည်။

 


မြန်မာနိုင်ငံ     မီးသတ်တပ်ဖွဲ့ဥပဒေကို   ပြဋ္ဌာန်း ထားပြီး      မီးသတ်တပ်ဖွဲ့ဝင်အင်အားကို      တိုးချဲ့ ခဲ့သဖြင့်    အင်အား အသင့်အတင့်      ရှိလာသည်နှင့် အညီ  မီးသတ်တပ်ဖွဲ့ဝင်များကို  အခြေခံမီးသတ် အတတ်ပညာနှင့်  ခေတ်မီ     မီးသတ်နည်းစနစ်များကို သင်ကြားပေးလျက်ရှိသည်။     ၁၉၅၁ ခုနှစ်တွင် ရန်ကုန်မြို့  ကုန်သည်လမ်းနှင့် လမ်း ၄၀ ထောင့်ရှိ အဆောက်အအုံကို    မီးသတ်သင်တန်းကျောင်း (ယာယီ)အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် အလုံလမ်းရှိ မီးသတ်ဦးစီးဌာနချုပ်ရုံးတွင်    အခြေခံ မီးသတ်ပညာမှစ၍    လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေမည့် မီးဘေးလုံခြုံရေး   ပညာရပ်များကို သင်ကြားပေးရန်   စတင်ဖွင့်လှစ်ခဲ့သည်။ 

 


လက်ရည်တစ်ပြင်တည်း


မီးသတ်တပ်ဖွဲ့ဝင်ဟုဆိုလျှင်     နိုင်ငံတစ်နိုင်ငံ တည်းမဟုတ်ဘဲ  ကမ္ဘာ့နိုင်ငံများမှ   မီးသတ်တပ်ဖွဲ့ ဝင်တစ်ဦးဦးကိုတွေ့လျှင် အသိအမှတ်ပြု လေးစား ကြခြင်းသည်   အဖွဲ့အစည်း   အသီးသီးတို့တွင် တွေ့မြင်ရခဲသော မီးသတ်တပ်ဖွဲ့ဝင်တို့၏ ထူးခြား သော   ဝိသေသတစ်ခုလည်းဖြစ်သည်။    မီးဘေး အန္တရာယ်ဟုဆိုလျှင် စွန့်စွန့်စားစား    ဆောင်ရွက် တတ်သူတို့မှာ    မီးသတ်တပ်ဖွဲ့ဝင်များပင်   ဖြစ်ပြီး အရာရှိ၊ အရာရှိငယ်နှင့် တပ်ဖွဲ့ဝင်ဟူ၍ ခွဲခြားမှုမရှိဘဲ  ရည်မှန်းချက်တစ်ခုကို အောင်မြင်ရန်  လက်ရည် တစ်ပြင်တည်း စွမ်းစွမ်းတမံ  ပူးပေါင်းဆောင်ရွက်မှု ကောင်းသော အဖွဲ့အစည်းတစ်ခုအဖြစ်   ရပ်တည် လျက်ရှိသည်။ 
ရန်ကုန်မြို့တွင်           ဘေးအန္တရာယ်များနှင့် ကြုံလာသည့်အခါတိုင်း စွန့်စွန့်စားစား    ဆောင်ရွက် ခဲ့ကြသော ဖြစ်စဉ်များစွာသည်   မီးသတ်တပ်ဖွဲ့နှင့် အတူ အရိပ်ပမာ  ကပ်ပါလျက်ရှိသည်။  ကမ္ဘာ့ဖြစ်စဉ် များအနက်  ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က အမေရိကန်ပြည်ထောင်စု       နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ  အဆောက်အအုံကြီး  တိုက်ခိုက်ခံရမှုကြောင့်       မီးလောင်ပြိုကျစဉ်     ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ကြသူများမှာ မီးသတ် တပ်ဖွဲ့ဝင်များဖြစ်သည်။ ထိုဖြစ်စဉ်တွင် မီးသတ် တပ်ဖွဲ့ဝင်   ၃၀၀ ကျော်    အသက်ဆုံးရှုံးခဲ့သဖြင့် ထိုနိုင်ငံမှ    မီးသတ်တပ်ဖွဲ့တို့၏       ကြီးမြတ်သည့်    စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသနိုင်သကဲ့သို့ ကမ္ဘာ့  မီးသတ်တပ်ဖွဲ့ဝင် တို့၏ ရဲဝံ့စွန့်စားသောစိတ်ထားနှင့်  ကြီးမြတ်သည့် ဂုဏ်ဒြပ်ကို  ထုတ်ဖော်ပြသလိုက် ခြင်းပင်ဖြစ်သည်။

 


မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်


ကမ္ဘာကြီးသည့် တစ်နှစ်ထက်တစ်နှစ် ပူနွေး လာလျက်ရှိပြီး သဘာဝဘေးအန္တရာယ်များ ပိုမို ဖြစ်ပွားလျက်ရှိသည့်အပြင်  ပူပြင်းသောနွေရာသီတွင် လည်း မီးဘေးအန္တရာယ်    ကြိုတင်ကာကွယ်ရေး အတွက် အချိန်ပြည့်အားစိုက် တာဝန်ထမ်းဆောင်နေ သူများမှာ  မီးသတ်တပ်ဖွဲ့ဝင်များပင်    ဖြစ်သည်။ သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များ အချိန်နှင့် အမျှ ပြောငးလဲဖြစ်ပေါ်မှု   ဆင့်ကဲဖြစ်စဉ်များနှင့်အတူ ရုပ်ဝတ္ထုပိုင်းဆိုင်ရာများ   လျင်မြန်စွာ ပြောင်းလဲ တိုးတက်လာမှုကြောင့် သဘာဝဘေးနှင့်   မီးဘေး သည် ကမ္ဘာကြီး  တည်ရှိနေသရွေ့ ဖြစ်ပွားနေမည်သာ ဖြစ်သည်။     ထိုသို့ဖြစ်ပွားမှုတိုင်းတွင်       လူသား များထဲမှ  သံမဏိစိတ်ဓာတ်နှင့် လူသားဆန်သော နှလုံးသားများ     ပိုင်ဆိုင်ထားသည့်     မီးသတ် တပ်ဖွဲ့ဝင်တို့သည် နိုင်ငံနှင့်  ပြည်သူအတွက်    ရှေ့မှ    မားမားမတ်မတ်ရပ်က  စွန့်လွှတ်စွန့်စား စိတ်ထား ဖြင့်    ကာကွယ်စောင့်ရှောက်နေမည်သာ ဖြစ်သည်။ 
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သည်     အနာဂတ် မျိုးဆက်သစ်များထံ မီးသတ်တပ်ဖွဲ့၏     ဂုဏ်ကို  လက်ဆင့်ကမ်းအမွေအဖြစ်    ပေးအပ်လျက်ရှိရာ အနာဂတ်မြန်မာ နိုင်ငံတော်ကြီး အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်မှုတွင် မီးဘေးနှင့်   သဘာဝဘေး အန္တရာယ်ဖြစ်စဉ်များ ကာကွယ်ရေး၌    နိုင်ငံတော် နှင့်ပြည်သူအတွက် အစဉ်ထာဝရ    နိုးကြားထကြွ သူရဲကောင်းတို့ နှလုံးသားများဖြင့် အသင့်ရှိနေမည် မှာ   ဧကန်ပင်     ဖြစ်ပါကြောင်း   (၇၇) နှစ်မြောက် မြန်မာနိုင်ငံ  မီးသတ်တပ်ဖွဲ့နေ့အား   ဂုဏ်ပြုရေးသား လိုက်ရပါသည်။    ။