
n ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ယခုလတ်တလော Coronavirus Disease 2019 (COVID-19 ) ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုနှုန်းမှာ တိုးတက်မြင့်မားလျက်ရှိပါသည်။
n မြန်မာသက္ကရာဇ် ၁၃၈၃ ခု၊ ဝါဆိုလဆန်း ၅ရက်၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပ ပြုလုပ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အဋ္ဌမ အကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်၊ အကျိုးတော်ဆောင်ဆရာတော်နှင့် အဖွဲ့ဝင် ဆရာတော်ကြီးများက လတ်တလောဖြစ်ပွားနေသော Coronavirus Disease 2019(COVID-19) ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်မှ ကင်းဝေးစေရန်အတွက် ရတနသုတ် ပရိတ် တရားတော်ကို ရွတ်ပွားသရဇ္ဈာယ်တော်မူပေးခဲ့ပါသည်။
n ထို့အတူ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ပထမအဖွဲ့ခွဲ)ကလည်း လတ်တလော ဖြစ်ပွားနေသော Coronavirus Disease 2019 (COVID-19) ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်မှ ကင်းဝေးစေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအသီးသီးတွင် Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရတနသုတ်၊ မေတ္တ သုတ် ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်စေရေး အတွက် တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့များက မြို့နယ်သံဃနာယကအဖွဲ့များသို့ ညွှန်ကြားဆောင်ရွက်ရန် အဆင့်ဆင့် အကြောင်းကြား လျှောက်ထားပြီး ဖြစ်ပါ သည်။
n သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်တွင်ရှိသော မိဘပြည်သူများအနေဖြင့် လတ်တလောဖြစ်ပွားနေသော Coronavirus Disease 2019 (COVID-19) ကမ္ဘာ့ ကပ်ရောဂါ အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် ရတနသုတ် ပရိတ် တရားတော်ကို မိမိနေအိမ်တွင် နေ့စဉ်ရွတ်ဖတ်ပူဇော်နိုင်ကြ ပါရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်အပ်ပါသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန