
မိဘပြည်သူများအနေဖြင့် အောက်ဖော်ပြပါ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆/၆ (အထစ)နှင့်ပတ်သက်၍ အခက်အခဲများအား သက်ဆိုင်ရာ မြို့နယ်လဝက ရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်နိုင် ကြောင်း အသိပေးအပ်ပါသည်-
၁။ နိုင်ငံသားစိစစ်ရေးကတ်
(က) နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး/ပျက်စီးနေသူများသည် သက်ဆိုင်ရာ မြို့နယ် လဝကရုံးများသို့ သွားရောက် သတင်းပို့ ဖြေရှင်းရမည်။
( ခ ) အသက် (၁၀) နှစ်ပြည့်ပြီးသော်လည်း နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေး သော သူများသည် သက်ဆိုင်ရာမြို့နယ် လဝကရုံးများတွင် သွားရောက်ပြုလုပ် ခြင်း၊ ပန်းခင်းစီမံချက်များဖြင့် ပြုလုပ် ခြင်းများကို ဆောင်ရွက်နိုင်သည်။
( ဂ ) အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ် ပြုလုပ်ပြီးသော်လည်း သတ်မှတ် ထားသော အသက်အပိုင်းအခြားအတိုင်း ပြန်လည်လဲလှယ်ရန် လိုအပ်ပါသည်။
(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပါ အချက် အလက်များ ကွဲလွဲမှုရှိပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးများတွင် သွားရောက် ပြင်ဆင်ရမည်။
( င ) နိုင်ငံသားစိစစ်ရေးကတ် တစ်ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားရှိခြင်း မပြုရ။ ကိုင်ဆောင်ထားခြင်းရှိပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးများတွင် အမြန် သွားရောက်အပ်နှံရမည်။ (၁-၁၁-၂၀၂၂)ရက်နေ့အထိ ကတ်အပိုများ အပ်နှံခြင်း မပြုပါက နောက်ဆုံးထုတ်ယူသော နိုင်ငံသားကတ်ကိုသာ အတည်ပြု၍ ယခင်ကတ် အပိုများအား ပယ်ဖျက် စာရင်းသွင်းပါမည်။
( စ ) အမျိုးသားမှတ်ပုံတင် သက်သေခံ ကတ်ပြား (အမတ) ကိုင်ဆောင်ထားသူ များသည် သက်ဆိုင်ရာ မြို့နယ်လဝကရုံး များတွင် သွားရောက်၍ နိုင်ငံသားစိစစ် ရေးကတ်သို့ ပြောင်းလဲရမည်။ (ပြောင်းလဲ ခွင့်ရှိသူများသာ)။
(ဆ) မိမိနိုင်ငံသားစိစစ်ရေးကတ်အား အခြား သူတစ်ဦးမှ ကိုင်ဆောင်ထားသည်ဟု သံသယရှိပါက သက်ဆိုင်ရာ မြို့နယ် လဝကရုံးများတွင် သွားရောက်သတင်းပို့ ရမည်။
၂။ ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်း(အထစ)
(က) ပုံစံ ၆၆/၆ (အထစ) ပျောက်ဆုံး/ပျက်စီး နေသူများသည် သက်ဆိုင်ရာမြို့နယ် လဝကရုံးများသို့ သွားရောက်သတင်းပို့ ဖြေရှင်းရမည်။
( ခ ) ပုံစံ ၆၆/၆ (အထစ)တွင် ပါဝင်သော အိမ်ထောင်စုဝင်များသည် နိုင်ငံသား စိစစ်ရေးကတ်ရရှိပါက နိုင်ငံသားစိစစ် ရေးကတ်အမှတ်အား မြို့နယ်လဝက ရုံးများတွင် မဖြစ်မနေဖြည့်သွင်းရမည်။
( ဂ ) ပုံစံ ၆၆/၆ (အထစ) အချက်အလက်များ နှင့် နိုင်ငံသားစိစစ်ရေးကတ်ပါ အချက် အလက်များ ကွဲလွဲနေပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးများတွင် သွားရောက် ပြင်ဆင်ရမည်။ (ဥပမာ-နိုင်ငံသားစိစစ် ရေးကတ်အမှတ်၊ အမည်၊ မွေးသက္ကရာဇ်၊ အဖအမည်၊ အမိအမည်)။
(ဃ) ပုံစံ ၆၆/၆ (အထစ) (၁) ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားသူများသည် သက်ဆိုင်ရာ မြို့နယ်လဝကရုံးများသို့ အမြန်သွားရောက် သတင်းပို့ဖြေရှင်း ရမည်။ (ဥပမာ-ပုသိမ်တွင် အထစပြုလုပ် ထားသော်လည်း ရန်ကုန်တွင် အထစ ထပ်မံပြုလုပ်ထားရှိခြင်း)။ (၁-၁၁-၂၀၂၂) ရက်နေ့အထိ ပုံစံ ၆၆/၆ (အထစ) အပို များ အပ်နှံခြင်းမပြုပါက နောက်ဆုံး ထုတ်ယူထားသော ပုံစံ ၆၆/၆ (အထစ)ကိုသာ အတည်ပြု၍ ယခင်ပုံစံ ၆၆/၆ (အထစ)များအား ပယ်ဖျက်စာရင်းသွင်း ပါမည်။
( င ) ပုံစံ ၆၆/၆ (အထစ) အချက်အလက်များ (ပြောင်းဝင်/ ပြောင်းထွက်/ မွေးဖွား/သေဆုံးခြင်း)၊ ပြောင်းလဲမှုရှိသည့်အခါ တိုင်း သက်ဆိုင်ရာမြို့နယ်လဝကရုံးများ သို့ သွားရောက်၍ နောက်ဆုံးအခြေအနေ နှင့်အညီ ပြင်ဆင်မှုများကို ဆောင်ရွက် ရမည်။
( စ ) မည်သည့်အရပ်ဒေသတွင်မှ အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆/၆ (အထစ) မရှိ သေးသူများသည် နီးစပ်ရာမြို့နယ် လဝကရုံးများသို့ သတင်းပို့၍ ပန်းခင်းစီမံ ချက်အရ စိစစ်ဆောင်ရွက်ပေးမည်။
၃။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြု ကတ်တစ်မျိုးမျိုးကိုင်ဆောင်သူ (၅၂)သန်းကျော်အား စာရင်းသွင်းပြီးဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားအသိအမှတ်ပြု ကတ်များ၊ ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်း များ ကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းများအား နီးစပ်ရာ မြို့နယ်လဝကရုံးများသို့ သွားရောက်ဖြေရှင်း ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန