မိဘပြည်သူများသို့ အသိပေးကြေညာခြင်း


 

အသက် (၁၆)  နှစ်နှင့်အထက်  အကျုံးဝင်သူများအား   ဥပဒေအရ ကိုင်ဆောင်သင့်သည့်   ကတ်တစ်မျိုးမျိုး   ထုတ်ပေးရေးအတွက် “ပန်းခင်း”စီမံချက်ဖြင့်   ရုံးတွင်   ဆောင်ရွက်ပေးခြင်း၊  ကွင်းဆင်း ဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်နေရာများတွင် တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခြင်းများကို  (၃-၅-၂၀၂၁)မှ(၃-၁၁-၂၀၂၂)  နေ့အထိ နိုင်ငံတစ်ဝန်းလုံးတွင်     နေ့စဉ်ရက်ဆက်     ဆောင်ရွက်ပေးလျက်ရှိ သည်။ 
ယခုအခါ လိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွားလာရာ တွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာ နေရာများတွင် လည်းကောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်)ပြသဆောင်ရွက်ရသည့် လုပ်ငန်းများ တွင်လည်းကောင်း တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်)ကို  (၁-၄-၂၀၂၂) နေ့ (၆:၀၀) နာရီမှစ၍ ပြသစစ်ဆေး ခံရမည်ဖြစ်ပါသည်။
နေ့စဉ်ရက်ဆက်ဆောင်ရွက်ပေးနေမှုကြောင့်   နိုင်ငံသားကတ် (မှတ်ပုံတင်) အစား ထောက်ခံစာများကို ပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများအား ခွင့်ပြုတော့မည်မဟုတ်ပါ။
နိုင်ငံသားကတ်(မှတ်ပုံတင်)အတု ကိုင်ဆောင်ခြင်းနှင့် ကတ်အပို ထားရှိကိုင်‌ဆောင်ခြင်းများသည်   တည်ဆဲဥပဒေများအရ   ပြစ်မှု မြောက်ပါကြောင်း အသိပေးအပ်ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန