မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရရှိသည့် ဘဒ္ဒန္တသောမာစာရ ဆရာတော်ကြီးအား ထပ်ဆင့်ဂုဏ်ပြုပူဇော်

 

ရသေ့တောင်   အောက်တိုဘာ   ၃၁


ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ နိုင်ငံတော်မှဆက်ကပ်သည့် သာသနာတော် ဆိုင်ရာ မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရရှိသည့် သိရီသောမာရုံကျောင်း တိုက်၊  ပဓာနာယကဆရာတော်  ဘဒ္ဒန္တ သောမာစာရ  ဆရာတော်ကြီးအား ထပ်ဆင့်ဂုဏ်ပြုပူဇော်သည့် ဂုဏဝိသိဌပူဇာပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းက အဆိုပါ ကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပသည်။

 


ရှေးဦးစွာ    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ    ဦးနိုင်လင်းထက်က သာသနာရေးဆိုင်ရာများကို    လျှောက်ထားပြီး     ကျောင်းအလှူရှင်များက နိုင်ငံတော်မှ  ဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်နှင့်   ထပ်ဆင့်ဂုဏ်ပြုလွှာ၊   ဘွဲ့တံဆိပ်တုံးအား   ဆက်ကပ်ပြီး အလှူရှင်များက သံဃာတော်   အရှင်သူမြတ်များအား  နဝကမ္မအလှူငွေများနှင့်   လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြသည်။

 


ထို့နောက် ရသေ့တောင်မြို့ သိရီသောမာရုံကျောင်းတိုက် အပူဇော်ခံဆရာ တော်ကြီး ဘဒ္ဒန္တသောမာစာရထံမှ အနုမောဒနာ တရားနာယူပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးကြောင်း သိရသည်။


အောင်စံထွန်း(ပြန်/ဆက်)