
နေပြည်တော် ဇန်နဝါရီ ၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၂ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲတွင် အောင်မြင်ခဲ့သော ဓမ္မာစရိယ အထူးအောင် ၄ ပါး၊ ပါဠိဂုဏ်ထူးအောင် ၁ ပါး၊ မြန်မာဂုဏ်ထူးအောင် ၅ ပါး၊ ပါဠိပထမပြန်အထူးအောင် ၁၆ ပါး၊ နိကာယ်အထူးအောင် ၁၄ ပါး၊ မဟာဝိဒူအောင် ၆ ပါးတို့အား ဘွဲ့တံဆိပ်တော်များနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းသည့် မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ၁၃၈၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက်၊ ဖေဖော်ဝါရီ ၁၈ ရက်၊ သောကြာနေ့၊ မွန်းတည့် ၁၂ နာရီတွင် မန္တလေး မြို့၊ မဟာ အတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီး၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပမည်ဖြစ်သည်။
အဆိုပါ မဟာဘွဲ့နှင်းသဘင်အခမ်းအနားသို့ အချိန်မီကြွရောက် ရန် သက်ဆိုင်ရာ အထူးအောင်ပုဂ္ဂိုလ်များနှင့် ပင့်သံဃာတော်များကို ပင့်စာများပေးပို့ဆက်ကပ်ပင့်ဆောင်မည် ဖြစ်သည်။ ပင့်စာများကို အချိန်မီမရရှိပါကလည်း ကြွရောက်တော်မူကြပါရန်နှင့် ဖေဖော်ဝါရီ ၁၆ ရက်မှစ၍ ရုံးချိန်အတွင်း မန္တလေးမြို့၊ မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးသို့ ဆက်သွယ်သတင်းပေးပို့ကြပါရန် သာသနာရေးဦးစီးဌာနက ပင့်လျှောက်ထားကြောင်း သိရသည်။
သတင်းစဉ်