
ခေါင်လန်ဖူးဒေသသည် မြန်မာနိုင်ငံ၏ မြောက်ဖျားပိုင်းတွင် တည်ရှိ ပြီး ဆိုးရွားသော ရာသီဥတုနှင့် မြေမျက်နှာပြင် ခက်ခဲကြမ်းတမ်းကာ မြင့်မားမတ်စောက်သော တောင်ပေါ်ဒေသ၊ ကျောက်တောင်/ ကျောက်ကမ်းပါးယံနှင့် မြစ်ချောင်းလျှိုမြောင်များ ပေါများသည့်ဒေသ ဖြစ်ခြင်း၊ ရေခဲတောင်နှင့် ဆီးနှင်းများကြောင့် စိုက်ပျိုးမြေနည်းပါးခြင်း စသည်တို့ကြောင့် ခေါင်လန်ဖူးဒေသရှိ ဒေသခံပြည်သူများသည် နှစ်စဉ် စားနပ်ရိက္ခာ ရှားပါး၊ ပြတ်တောက်လေ့ရှိသဖြင့် နိုင်ငံတော်နှင့် တပ်မတော်က စားနပ်ရိက္ခာနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို အခက်အခဲဖြစ်ပေါ်ချိန်တွင် ရဟတ်ယာဉ်များဖြင့် ပို့ဆောင် ထောက်ပံ့ကူညီပေးနေရသော ဒေသဖြစ်သည်။
ခေါင်လန်ဖူးနှင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်ကြသည့် ဒေသခံ ပြည်သူများအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးကိစ္စရပ် များအတွက် ပူတာအိုသို့ မဖြစ်မနေသွားရောက်ရန် လိုအပ်ပါက ခေါင်လန်ဖူးမှ မဂွေဇအထိ ၆၅ မိုင်အကွာအဝေးအား ခြေကျင်ခရီး၊ ဝန်တင်လား/မြင်းများဖြင့် ရှစ်ညအိပ် ကိုးရက်ခန့်ဖြင့်လည်းကောင်း၊ မဂွေဇမှ ပူတာအိုအထိ ၆၇ မိုင်အား ဆိုင်ကယ်/ကားများဖြင့်် နှစ်ရက် ခန့် ဆက်လက်သွားရောက်ကြရသဖြင့် ခရီးလမ်းတစ်လျှောက်တွင် အသက်အန္တရာယ်အထိ အခက်ခဲပေါင်းများစွာ တွေ့ကြုံရပြီး အချိန်နှင့် ကုန်ကျစရိတ် များပြားခြင်းများကို ခံစားခဲ့ကြရသည်။
၂၀၁၅ ခုနှစ်မှစတင်
သို့ဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှု ဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်မှစတင်ပြီး မဂွေဇ-ခေါင်လန်ဖူးလမ်းစီမံကိန်းအတွက် မြေပြင်အနေအထား၊ သဘာဝ ရာသီဥတုအခြေအနေတို့ အပါအဝင် အခြေခံအချက်အလက်များကို ကွင်းဆင်းလေ့လာသုံးသပ်ကာ နိုင်ငံတော်အစိုးရသို့တင်ပြ၍ လုပ်ငန်း ခွင့်ပြုချက်နှင့် ရန်ပုံငွေလျာထားရေးဆိုင်ရာကိစ္စရပ်များကို စီမံ ဆောင်ရွက်ခဲ့သည်။
မဂွေဇ-ခေါင်လန်ဖူး ကားလမ်းဖောက်လုပ်နိုင်ရေးအတွက် ၂၀၁၆ ခုနှစ် ဇွန်လတွင် ခွင့်ပြုချက်ရရှိပြီးနောက် နယ်စပ်ရေးရာဝန်ကြီး ဌာနမှ အင်ဂျင်နီယာများ၊ တပ်မတော်အင်ဂျင်နီယာတပ်ရင်းမှ အရာရှိ/စစ်သည်များ၊ ဌာနေပြည်သူ့စစ်များ ပူးပေါင်း၍ Feasibility survey ဆောင်ရွက်ခြင်း၊ စီမံကိန်းရေးဆွဲခြင်း၊ လုပ်ငန်းများကို အသေးစိတ် ပေါင်းစပ်ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မဂွေဇ-ခေါင်လန်ဖူး ၆၅ မိုင် ၄ ဖာလုံ လမ်းကို အပိုင်း လေးပိုင်းခွဲ၍ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ တွင် စတင်ဆောင်ရွက်ခဲ့သည်။
ရာနှုန်းပြည့် အကောင်အထည်ဖော်
မဂွေဇမှ ငါ့လုံဒမ်းအထိ ၂၅ မိုင် ၄ ဖာလုံကို အပိုင်း(၁)အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ကျောက်လမ်း ၂၅ မိုင် ၄ ဖာလုံ၊ တံတားကြီး/ငယ် အစင်း ၂၀ ၊ Box Culvert ၇၅ စင်း၊ ကျောက်စီ ရေမြောင်း ပေ ၅၅၀၀ နှင့် အခြားလိုအပ်သည့် မြေထိန်းနံရံများ၊ ရေကျော်များကို ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။
ငါ့လုံဒမ်းမှ လုံးတုံဗိုလ်တဲအထိ ၁၀ မိုင်ကို အပိုင်း(၂)အဖြစ် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး အဆိုပါလမ်းပိုင်းတွင် မဂွေဇ-ခေါင်လန်ဖူးလမ်း၏ အခက်အခဲဆုံးအပိုင်းဖြစ်သော ပင်လယ်ရေမျက်နှာ ပြင်မှ အမြင့််ပေ ၇၇၀၀ ကျော်ရှိသည့် ဆန်းလွတ်ချက်တောင်ကြားလမ်း ကျောက်တောင်အပိုင်းပါဝင်သဖြင့်် နယ်စပ်ရေးရာဝန်ကြီးဌာနမှ အင်ဂျင်နီယာများ၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ မိုင်းဖောက်ခွဲရေးကျွမ်းကျင်စစ်သည်များသည် ဒေသခံပြည်သူတို့၏ ပူးပေါင်းကူညီမှု ကို ရယူ၍ ကြမ်းတမ်းခက်ခဲသည့် ရာသီဥတုနှင့် မြေအနေအထားအကြား မှ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် တစ်ရက်လျှင် ပေ ၂၀ ခန့်သာ ဖောက်လုပ်နိုင်သည့် နေ့ရက်များစွာကိုလည်း ရင်ဆိုင် ကြုံတွေ့ခဲ့ကြရကြောင်း သိရသည်။ အဆိုပါလမ်းပိုင်းတွင် ကျောက်လမ်း ၁၀ မိုင်၊ Box Culvert အစင်း ၅၀၊ ကျောက်စီရေမြောင်း ပေ ၄၀၀၀ တို့ကို ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ် သည်။
လမ်းစီမံကိန်းအပိုင်း(၂)ဖြစ်သည့် ဆန်းလွတ်ချက်ကျောက်တောင် ကို ခက်ခက်ခဲခဲ ဖြတ်သန်းဖောက်လုပ်နေစဉ်ကာလအတွင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် လုပ်ငန်းခွင်သို့ရောက်ရှိ စစ်ဆေးလမ်းညွှန်ချက်အရ လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောလျင်စွာ ပြီးစီးနိုင်ရေးအတွက် တပ်မတော်ရဟတ်ယာဉ်များဖြင့် အပေါ့စား ယန္တရားများကို ခေါင်လန်ဖူးသို့ ပို့ဆောင်၍ ခေါင်လန်ဖူးမှ မဂွေဇဘက် သို့ တစ်ကြောင်းထိုးလမ်းဖောက်လုပ်ခြင်းကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ခြင်းကြောင့် လမ်းစီမံကိန်းအချိန်ကာလကို များစွာလျှော့ချနိုင်ခဲ့ပါ သည်။
လုံးတုံဗိုလ်တဲမှ ဆီဆုံအထိ ၁၀ မိုင် ၄ ဖာလုံကို အပိုင်း(၃)အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် သဘာဝအတားအဆီး ဖြစ်သည့် ရေစီးကြမ်းတမ်းသော မေခမြစ်ကို လမ်းဖောက်လုပ်ရေး စီမံကိန်းတွင် အသုံးပြုသည့် ယာဉ်/ ယန္တရားများ၊ ကျောက်ဖောက်စက် များ၊ စက်ဆီ/ချောဆီများ၊ ယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖြတ်ကျော်နိုင် ရန် ကူးတို့ဖောင်များ သီးသန့်ပြုလုပ်ဆောင်ရွက်ပြီး ခက်ခက်ခဲခဲ ဖြတ်သန်းပို့ဆောင်ပေးခဲ့ကြရကြောင်း သိရသည်။ အဆိုပါ လမ်းပိုင်းတွင် မြေလမ်း ၁၀မိုင် ၄ ဖာလုံအနက် ကျောက်လမ်း ၈ မိုင် ၄ ဖာလုံခင်းပြီး ဖြစ်၍ တံတားကြီး/ငယ် စုစုပေါင်း ခုနစ်စင်း၊
Box Culvert အစင်း ၄၀၊ ကျောက်စီရေမြောင်း ၉၄၉၅ ပေတို့ကို ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
ဆီဆုံမှ ခေါင်လန်ဖူးအထိ ၁၉ မိုင် ၄ ဖာလုံကို နောက်ဆုံးပိုင်း၊ အပိုင်း(၄)အဖြစ် ဆောင်ရွက်လျက်ရှိရာ အကျယ် ၃၄ ပေ မြေလမ်း အကျယ် ၁၂ မိုင်၊ အကျယ် ၁၃ ပေ တစ်ကြောင်းထိုးမြေလမ်း ၇ မိုင် ၄ ဖာလုံ၊ တံတားကြီးနှစ်စင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်၍ မဂွေဇမှ ခေါင်လန်ဖူးအထိ ၆၅ မိုင် ၄ ဖာလုံ ရှည်လျားပြီး ဒေသခံပြည်သူများက အိပ်မက်လမ်းဟု တင်စားခေါ်ဆို ခဲ့ကြသည့် လမ်းသည် စတင်ဖောက်လုပ်ချိန်မှ လေးနှစ်နှင့် ရှစ်လအကြာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် ရည်မှန်းချက်ဖြစ်သော ခေါင်လန်ဖူးမြို့သို့ အောင်မြင်စွာ ပေါက်ရောက်ခဲ့ခြင်းဖြစ်သည်။
ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့် တစ်ကြောင်းထိုး မြေသား လမ်း ၇ မိုင် ၄ ဖာလုံကို လမ်းတာချဲ့ခြင်း၊ တံတားများ၊ Box Culvert များ၊ မြေထိန်းနံရံများ၊ ကျောက်စီရေမြောင်းများကို လာမည့် ပွင့််လင်း ရာသီတွင်လည်းကောင်း၊ လမ်းအဆင့်မြှင့်တင်ခြင်းနှင့် ခေါင်လန်ဖူးမြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို နှစ်အလိုက် ရန်ပုံငွေလျာထား ၍လည်းကောင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ သတင်းရရှိ သည်။
သတင်းစဉ်