
ကျိုက်ထို ဇူလိုင် ၂၈
ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်ကြား မြသိန်းတန်ဘုရား ၀င်းရှိ နောင်တော်ကြီးစေတီ အောက် အလျား ၃၂၆ ပေ အမြင့် ပေ ၁၈၀ မြေထိန်းနံရံ အက်ကွဲ ကြောင်းမှာ ဇူလိုင်၂၈ ရက် နံနက် ၉ နာရီခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နှစ်ပေခန့်ကျယ် လာပြီး မကြာမီ ပြိုကျနိုင် သဖြင့် မြေထိန်းနံရံအက်ကွဲ ကြောင်းအောက်တွင် နေထိုင် သော အိမ်ထောင်စု ၂၈ စုရှိ လူဦးရေ၁၂၂ ဦးတို့အား ဘေးလွတ် ရာသို့ ရွှေ့ပြောင်းနိုင်ရေး ကြိုတင် အသိပေးနှိုးဆော်ခဲ့သည်။
အဆိုပါ အသိပေးနှိုးဆော်ရာ သို့ သိမ်ဇရပ် မြို့အုပ်ချုပ်ရေးမှူးဦးတေဇာကြည်နှင့် အဖွဲ့၀င်များ၊ နယ်မြေခံတပ်မှ ဗိုလ်ကြီး အောင်သန်းစိုးနှင့် တပ်ဖွဲ့၀င်များ၊ နယ်မြေခံရဲစခန်းမှ ဒုရဲအုပ် သူရအေးနှင့် တပ်ဖွဲ့၀င်များ၊ နယ်မြေခံမီးသတ်စခန်း တာဝန်ခံ ဦးအောင်စိုးငြိမ်းနှင့် တပ်ဖွဲ့၀င်များ ပူးပေါင်း ပါ၀င်ဆောင်ရွက်ကြောင်း သိရသည်။
ကျိုက်ထို(ပြန်/ဆက်)