မွေးရာပါနှလုံးရောဂါဝေဒနာရှင်ကလေးလူနာ ၁၃ ဦးကို ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး (ရန်ကုန်) တွင် အောင်မြင်စွာကုသမှုဆောင်ရွက်ပေးခဲ့

 

နေပြည်တော်   အောက်တိုဘာ  ၂၇


ကျန်းမာရေးဝန်ကြီးဌာန ခုတင် ၅၅၀ ဆံ့ ကလေး ဆေးရုံကြီး    (ရန်ကုန်)      နှလုံးကုသဆောင်တွင်  ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ Children Hospital (1) မှ ကလေးနှလုံး အထူးကုဆရာဝန် Dr. Do Nguyen Tin သည် ပါမောက္ခဒေါက်တာခင်မောင်ဦး၊  ပါမောက္ခ (ကလေးနှလုံး) ဦးဆောင်သော ကလေး နှလုံးရောဂါ အထူးကုဆရာဝန်များနှင့်အတူ ပူးပေါင်း ၍ မွေးရာပါ နှလုံးရောဂါကလေးလူနာများကို ခွဲစိတ် ရန်မလိုဘဲ        နှလုံးပိုက်သွင်း      စမ်းသပ်ကုသစက် (Cardiac    Catheterization   Laboratory)    ကို အသုံးပြု၍  ဘောလုံးဖြင့်ချဲ့ကာ  ကုသခြင်း၊ အဆို့ဖြင့်ပိတ်၍ ကုသ ခြင်းများ   ပြုလုပ်ခဲ့ရာ    မွေးရာပါ နှလုံးရောဂါရှင်      ကလေးလူနာ စုစုပေါင်း ၁၃ ဦးကို စက်တင်ဘာ ၂၂   ရက်နှင့်   ၂၃   ရက်အတွင်း အောင်မြင်စွာကုသမှုများ ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 


ကလေးနှလုံးရောဂါ      ကုသ ခြင်းများကို   ခုတင်    ၅၅၀  ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်)တွင် နှလုံးဆေးကုသဆောင်မှ ကလေး နှလုံးအထူးကု        ဆရာဝန်များ ကိုယ်တိုင်လုပ်ဆောင်၍     လည်း ကောင်း၊  နိုင်ငံခြားမှ ကျွမ်းကျင် သော ကလေးနှလုံး အထူးကုဆရာ ဝန်များအား  ဖိတ်ခေါ်၍  လည်း ကောင်း    ဆောင်ရွက်လျက်ရှိရာ ၂၀၁၅    ခုနှစ်     ဩဂုတ်လမှ ယနေ့အထိ စုစုပေါင်းနှလုံးရောဂါ ဝေဒနာရှင် ကလေးလူနာ ၁၃၉၀ ကို  အောင်မြင်စွာ ကုသနိုင်ခဲ့ပြီး ဖြစ်သည်။

 


ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့  ကလေးအထူးကု     ဆေးရုံကြီးမှ ကလေးနှလုံးအထူးကု ဆရာဝန် Dr. Do Nguyen Tin သည် ခုတင် ၅၅၀  ဆံ့  ကလေးဆေးရုံကြီး-ရန်ကုန်တွင်      နှလုံးဆေးကုသ ဆောင်မှ ကလေးနှလုံးအထူးကု ဆရာဝန်များနှင့်အတူ      မကြာ ခဏပူးပေါင်းဆောင်ရွက်၍ နှလုံး ရောဂါဝေဒနာရှင်   ကလေးလူနာ များကို အောင်မြင်စွာကုသမှုများ  ဆောင်ရွက်လျက်ရှိသည်။

 


ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံ ကြီး  (ရန်ကုန်) တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီ   ၁ ရက်မှ   အောက် တိုဘာ ၁၂ ရက်အထိ ပြင်ပလူနာ ကြည့်ရှုကုသမှုအနေဖြင့် ကလေး လူနာ ၂၆၃၇၀ ကိုလည်းကောင်း၊ နှလုံးပုံရိပ်ဖော်စက်ဖြင့်    ကုသမှု (Echocardiogram) ဖြင့် ကလေး လူနာ ၁၄၅၂ ဦးကိုလည်းကောင်း၊  နှလုံးပိုက်သွင်း၍ ကုသမှု(Cardiac Catheterization    Procedure) ဆောင်ရွက်ပေးသော    ကလေး နှလုံး လူနာ  ၆၇ ဦးကိုလည်းကောင်း ကုသမှုများ      ပေးအပ်ခဲ့ကြောင်း သိရသည်။      
         

သတင်းစဉ်