မြေပုံမြို့နယ် အငူကမ်းခြေသို့ တန်ဆောင်တိုင်ရုံးပိတ်ရက်တွင် အပန်းဖြေလာရောက်လည်ပတ်သူများဖြင့် စည်ကား

 

မြေပုံ   နိုဝင်ဘာ   ၁၈


တန်ဆောင်တိုင်ရုံးပိတ်ရက်၊  ကျောင်းပိတ်ရက်များ တွင်   မြေပုံမြို့နယ်    အငူကမ်းခြေသို့  ခရီးသွား ဧည့်သည်များ အပန်းဖြေလာရောက်လည်ပတ်ကြရာ ယနေ့ တန်ဆောင်မုန်းလပြည့်နေ့တွင် ပိုမိုများပြား စည်ကားလျက်ရှိသည်။

 


“ကျွန်မတို့က မင်းပြားမြို့က  လာလည်တာပါ။ သီတင်းကျွတ်အားလပ်ရက်တုန်းကလည်း လာတယ်။ အခု မိသားစုနဲ့ လာတာပါ။ အလွန်ပျော်ဖို့ကောင်း ပါတယ်။ ရှုခင်း အလွန်လှပါတယ်” ဟု လာရောက် လည်ပတ်သူ မထက်ထက်နိုင်က ပြောသည်။

 


မြေပုံမြို့နယ် အငူကမ်းခြေ   သာယာလှပပုံကို အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ စိတ်ဝင် စားကြပြီး တစ်ဆင့်စကားတစ်ဆင့်ကြား၍ လည်း ကောင်း၊ ဖေ့စ်ဘုတ်ပေါ်တွင်တွေ့ရှိ၍ လည်းကောင်း၊ တန်ဆောင်တိုင်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များ တွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ၊ ဒေသခံပြည်သူများ အများအပြား လာရောက်အပန်း ဖြေ   အနားယူလျက်ရှိကြောင်း   ဒေသခံခရီးသွား ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးထံမှ သိရ သည်။    


ဝင်းမင်းစိုး၊ ဓာတ်ပုံ- တင်ဝင်း (ပြန်/ဆက်)